လီချန်းလျုံက အသက်ရှစ်နှစ်အရွယ်မှာပဲ မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရပြီး လောဘကြီးတဲ့ဦးလေးက သူ့ရဲ့မိဘတွေ သူ့အတွက်ချန်ခဲ့တဲ့ အမွေတွေကိုလိုချင်တာကြောင့် အကောက်ကြံခဲ့တာမို့ မသေရုံတမယ်ဖြစ်ခဲ့ရတယ် ။ ကံကောင်းထောက်မစွာနဲ့ သူရဲ့ဦးလေးကတော့ သူအသက်ရှင်နေသေးတာကိုမသိခဲ့ဘူး ။ တစ်ညမှာတော့တိတ်တိတ်လေးပြန်လာခဲ့ပြီး သူ့ဦးလေးအိပ်ပျော်နေတုန်း အခန်းတံခါးတွေကိုသော့ခတ်ကာ အရှင်လတ်လတ်မီးရှို့သတ်ပစ်ခဲ့တယ် ။
တရားရုံးတော်က စစ်ဆေးရေးအရာရှိတွေက မတော်တစမီးလောင်မှုလို့ ခေါင်းစဉ်တပ်လိုက်ပြီး အမှုကိုပိတ်သိမ်းခဲ့တယ် ။ လီချန်းလျုံက တိတ်တစိတ်လှောင်ပြောင်လိုက်ပြီး မြို့တော်ထဲကထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ် ။ အသက်ဆယ့်ရှစ်နှစ်အရွယ်မှာပဲ သူ့မိဘတွေကိုသတ်သွားတဲ့ လူသတ်သမားနဲ့ပြန်ဆုံခဲ့တယ် ။ ဒါပေမဲ့အဲ့ဒီလူကတော့ သူ့ကိုမမှတ်မိခဲ့ဘူး ။ အဟက်! မမှတ်မိတော့ ပိုကောင်းသွားပေါ့ ။
အဲ့ဒီတုန်းက သူကရှစ်နှစ်အရွယ်ပဲရှိသေးတာ ။ သူရဲ့မိဘတွေက သာမန်ကုန်သည်တွေဖြစ်ကြပြီး မိတ်ဆွေအပေါင်းအသင်းလည်းများတယ် ။ တရားမျှတပြီးအလှူရက်ရောတာမို့ သူ့မိဘတွေကိုမကျေနပ်တဲ့လူဆိုတာလည်းမရှိ ။ တစ်နေ့မှာတော့ အနက်ရောင်ဝတ်စုံတွေ ဝတ်ထားတဲ့လူတစ်စုက သူတို့ရဲ့ခြံထဲကျူးကျော်ဝင်ရောက်လာပြီး အစေခံတွေအားလုံးကိုသတ်ပစ်ခဲ့တယ် ။ သူရဲ့အမေက သူ့ကိုအသံမထွက်ပဲ တိတ်တိတ်လေးပုန်းနေဖို့ပြောပြီး သူရဲ့အဖေကတော့ လုပ်ကြံသူတွေနဲ့ရင်ဆိုင်လို့နေတယ် ။
အနက်ရောင်ဝတ်စုံနဲ့လူတွေက သူ့အဖေကိုအနိုင်မယူနိုင်ခဲ့ဘူး ။ အဲ့ဒီအချိန်တုန်းက သူအရမ်းအံ့သြခဲ့ရတယ် ။ သူရဲ့အဖေက သာမန်ကုန်သည်တစ်ယောက်မဟုတ်ဘူးလား? ။ သိုင်းပညာ ဘယ်လိုလုပ်တက်နေရတာလဲ? ။ အဲ့ဒီနေ့အထိ သူရဲ့အဖေကသိုင်းပညာတက်မှန်း သူလုံးဝမသိခဲ့ဘူး ။ သူရဲ့အမေကတော့ ထိတ်လန့်နေတဲ့မျက်လုံးတွေနဲ့ တစ်နေရာကိုသာကြည့်လို့နေတယ် ။
ဘယ်အရာကများ သူ့အမေကို ဒီလောက်အထိထိတ်လန့်စေရတာလဲ? ။ သူ့ရဲ့အမေက အလွန်သတ္တိရှိတဲ့အမျိုးသမီးလေ ။ သူအလွန်သိချင်လာခဲ့တယ် ။ သူ့အမေစိုက်ကြည့်နေတဲ့နေရာကို ပုန်းနေရာကနေ တိတ်တိတ်လေးချောင်းကြည့်လိုက်တော့ အဖြူရောင်ဝတ်စုံကိုဝတ်ထားပြီး ယပ်တောင်တစ်လတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးကိုတွေ့လိုက်ရတယ် ။ အဲ့ဒီအမျိုးသားရဲ့မျက်ဝန်းတွေက ရေခဲပမာအေးစက်နေပြီး ဓားတစ်လက်လိုထက်ရှနေတယ် ။
ВЫ ЧИТАЕТЕ
The Story Of Phoenix King
ФанфикStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]