''77''

3.8K 512 19
                                    

ရှောင်ကျန့်ရဲ့မျက်လုံးတွေက ငရဲကနေတက်လာတဲ့ နတ်ဆိုးတစ်ကောင်ရဲ့ မျက်လုံးတွေအလား အလွန်တရာအေးစက်နေခဲ့တယ် ။ အဲ့တာအပြင် ကြောက်မက်ဖွယ်ကောင်းတဲ့ အငွေ့အသက်တွေကပါ သူရဲ့အနားမှာဝန်းရံလို့နေတယ် ။ မူကျားယွမ်က အရမ်းကိုလွန်လွန်းအားကြီးတယ် ။ သူ့ကို အခန်းအပြင်ဘက်တောင် ပေးမထွက်တော့ဘူး ။ အချိန်ပြည့်ပိတ်လှောင်ထားဖို့ပဲ စိတ်အားထက်သန်နေတယ် ။ ရူးများရူးနေလားမသိ ။

ဝမ်ရီပေါ်က ရှောင်ကျန့်ကိုကြည့်ကာ တိတ်တစိတ်သက်ပြင်းခိုးချမိတယ် ။ ​ရှောင်ကျန့်က သူရဲ့ပဉ္စမမြှောက် အစိတ်အပိုင်းဖြစ်တဲ့ မူကျားယွမ်နဲ့ပတ်သတ်ပြီး တစ်ခုခုကို သတိထားမိသွားမှာကို မစိုးရိမ်ပဲမနေနိုင်ဘူး ။ ဝမ်ရီပေါ်ရဲ့မျက်လုံးတွေက အဲ့ဒီအတွေးတွေကြောင့် တစ်ခဏလောက် မည်းမှောင်သွားခဲ့တယ် ။ ဒီအတိုင်းနေနေလို့ မဖြစ်တော့ဘူး ။ တစ်ခုခုလုပ်ဖို့လိုအပ်​နေပြီ ။ မဟုတ်ရင် ရှောင်ကျန့်​က သံသယဝင်လာလိမ့်မယ် ။

" ရှောင်ကျန့် ကျွန်တော်တို့ ဒီကမ္ဘာကနေ ထွက်သွားကြမလား? "

" ဘာလို့လဲ? "

" မူကျားယွမ် သူ... သူက အန္တရာယ်ရှိတယ် သူကရူးနေတာ ''

သူအဲ့ဒီလိုပြောလိုက်တော့ ရှောင်ကျန့်က အဓိပ္ပါယ်ဖော်ရခက်တဲ့ အကြည့်တွေနဲ့ သူ့ကိုစိုက်ကြည့်လာတယ် ။ ဝမ်ရီပေါ်က ထိုအကြည့်တွေကြောင့် ရင်တွေဒိန်းကနည်းဖြစ်သွားတယ် ။ မဟုတ်မှလွဲရော ရှောင်ကျန့်က သူဘယ်သူဆိုတာကို သိသွားပြီလား ။

" ထွက်သွားဖို့ မလိုအပ်သေးဘူး ။ ကိုယ် သူ့ကို ကိုင်တွယ်နိုင်တယ် ''

" ဒါ... ဒါပေမဲ့ သူက... ''

" မူကျားယွမ် ဘယ်လောက်အထိသွားမလဲဆိုတာကို ကိုယ်သိချင်တယ် ။ မင်းရဲ့တခြားအစိတ်အပိုင်းတွေထက်စာရင် ဒီတစ်ခုက ပိုစိတ်ဝင်စားဖို့ကောင်းတယ် ။ ကိုယ် သူနဲ့ဘယ်လောက်အထိ ကစားနိုင်မလဲ?  အဟက်! ပျော်ဖို့ကောင်းမဲ့ပုံပဲ ''

ဝမ်ရီပေါ်က ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပျက်ယွင်းသွားခဲ့တယ် ။ ရှောင်ကျန့်က မူကျားယွမ်ကို ဘာလို့ဒီလောက်အထိ စိတ်ဝင်စားနေရတာလဲ? ။ ကျစ်! တစ်ခုခုကိုရိပ်မိနေတယ်ဆိုတာ သေချာနေပြီ ။ ဝမ်ရီပေါ်က စိုးရိမ်ပူပန်မှုတွေကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်လာတယ် ။ ရှောင်ကျန့်ကို ဒီကမ္ဘာကနေ အမြန်ထွက်သွားအောင် သူတစ်ခုခုလုပ်သင့်နေပြီ ။

The Story Of Phoenix KingWhere stories live. Discover now