''104''

2.4K 359 9
                                    

ရှောင်ကျန့်က ဝမ်ရီပေါ်ကို အလွန်တရာ မကျေမနပ်ဖြစ်နေခဲ့တယ် ။ ဟိုဟာမလုပ်မရဘူး ဒီဟာမလုပ်ရဘူးနဲ့ အကုန်ကို လိုက်တားနေတော့တာပဲ ။ သူရဲ့လက်ရှိခန္ဓာကိုယ်က ကလေးအရွယ်ဆိုပေမဲ့ ကလေးအစစ်မှမဟုတ်တာ ။ အဲ့တာကြောင့် ကလေးလို ဆက်ဆံနေစရာမလိုဘူး ။ ဒါပေမဲ့ ဝမ်ရီပေါ်က သူ့စကားကိုနားမထောင်ပဲ အမေအိုကြီးတစ်ယောက်လို ပြုမူနေတယ် ။ အမေတောင်မဟုတ်တော့ဘူး အမေအိုကြီးအဆင့်ဖြစ်နေပြီ ။

" အနားမလာနဲ့ ဝေးဝေးနေ ကိုယ် မင်းနဲ့ စကားမပြောချင်သေးဘူး ''

" စိတ်မဆိုးပါနဲ့ ကျွန်တော်က ကောင်းစေချင်လို့ပြောနေတာပါ ခင်များကို လိုက်ပိတ်ပင်နေတာမဟုတ်ပါဘူး ''

ဝမ်ရီပေါ်က ​ရှောင်ကျန့်ရဲ့ပါးဖောင်းဖောင်းလေးကို ညှင်သာစွာညစ်ကာ ဆိုလာတယ် ။ စိတ်ဆိုးနေတဲ့ ​ရှောင်ကျန့်သေးသေးလေးက အရမ်းကိုမှ ချစ်စရာကောင်းလွန်းတယ် ။ ဒီကမ္ဘာမှာရှိတဲ့ သူရဲ့အစိတ်အပိုင်းက ဒါကိုမမြင်နိုင်တာ သနားစရာပဲ ။ ဝမ်ရီပေါ်က ကျေနပ်မှုကြောင့် နှုတ်ခမ်းတွေ ကွေးတက်သွားတယ် ။

" ဘာတွေထပ်ကြံနေပြန်ပြီလဲ ကိုယ်က ကလေးအရွယ်ပဲရှိသေးတာနော် မဟုတ်တာလုပ်ဖို့ မစဉ်းစားနဲ့ ''

ဝမ်ရီပေါ်ဟာ ရှောင်ကျန့်ရဲ့စကားကြောင့် မျက်လုံးတွေပြုးကျယ်သွားတယ် ။ ရှောင်ကျန့်ရဲ့အမြင်မှာ သူက ကလေးကိုတောင် အလွှတ်မပေးနိုင်တဲ့ နှာဘူးတစ်ယောက်ဖြစ်နေပြီလား ။ ဝမ်ရီပေါ်က ထိုအတွေးကြောင့် ရယ်ရခက်ငိုရခက်ဖြစ်နေတယ် ။

" ရှောင်ကျန့် ခင်များကတော့လေ တကယ်ပါပဲ ''

" ဘာလို့ ပါးခဏခဏဆွဲနေတာလဲ မဆွဲနဲ့ မကြိုက်ဘူး ''

ရှောင်ကျန့်က သူရဲ့ပါးတွေကို အကြိမ်ကြိမ်ဆွဲညစ်နေတဲ့ ဝမ်ရီပေါ်ကြောင့် စိတ်ရှုပ်လာရတော့တယ် ။ ကလေးတစ်ယောက်ကို ပါးမဆွဲရဘူးဆိုတာ မသိဘူးလား ။ သရေအိတ်ပေါက်သွားရင် ဘယ်လိုလုပ်မလဲ ။

" ကျူးကျော်သူ ''

အဲ့ဒီအချိန်မှာပဲ အဝေးတစ်နေရာကို စိုက်ကြည့်ကာဆိုလာတဲ့ ဝမ်ရီပေါ် ။ ရှောင်ကျန့်က ဘာမှမခံစားမိတာ​ကြောင့် ထိုနေရာကို လိုက်ကြည့်မိတယ် ။ ဘယ်သူရောက်လာတာလဲ? ။ ဝမ်ရီပေါ်က ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ? ။

The Story Of Phoenix KingDonde viven las historias. Descúbrelo ahora