''102''

2.6K 357 12
                                    

ငါးနှစ်ကြာသော်...

ရှောင်ကျန့်က ဒီကမ္ဘာကိုရောက်နေတာ ဒီနေ့နဲ့ဆိုရင် ရက်ပေါင်း တစ်ထောင့်ရှစ်ရာနှစ်ဆယ်ငါးရက်တောင် ရှိနေခဲ့ပြီဖြစ်တယ် ။ ဒါပေမဲ့ ဝမ်ရီပေါ်ကတော့ အခုအချိန်အထိ ပေါ်မလာသေးဘူး ။ အဲ့တာကြောင့် ဒီကမ္ဘာကထွက်ကာ လိုက်ရှာဖို့ဆုံး​ဖြတ်ခဲ့ပေမဲ့ ထူးဆန်းစွာနဲ့ပဲ ထွက်သွားလို့မရဖြစ်နေတယ် ။ ဒီကမ္ဘာမှာရှိနေတဲ့ တစ်စုံတစ်ခုက သူ့ကို ထွက်သွားလို့မရအောင် အတင်းတားစီးထားတယ် ။ အဲ့တာအပြင် သူ့မှာ ဒီကမ္ဘာနဲ့ပတ်သတ်တဲ့ မှတ်ညဏ်တွေ ဘာဆိုဘာတစ်ခုမှ ရှိမနေခဲ့ဘူး ။

သူ အခုဝင်ရောက်ထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က လီတိုင်းပြည်ရဲ့မင်းသားတစ်ပါးဖြစ်ပြီး အမေဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် အအေးနန်းဆောင်ထဲ စွန့်ပစ်ခံလိုက်ရတယ်ဆိုတာကိုပဲ သိထားခဲ့တာ ။ ဒါပေမဲ့ သူရဲ့လေ့လာစူးစမ်းမှုတွေကြောင့် မကြာခင်မှာပဲ ဒီကမ္ဘာမှာ ကောင်းကင်တမန်တော်တွေ ရှိနေတယ်ဆိုတဲ့အချက်ကို ရှာတွေ့ခဲ့တယ် ။ လီတိုင်းပြည်ရဲ့ဘုရင်မင်းမြတ်နဲ့ တိုင်းသူပြည်သားတွေက ကောင်းကင်တမန်တော်ဆိုတဲ့ ဝတ်ရုံဖြူဝတ်ထားတဲ့လူတွေကို အင်မတန်ရိုသေကိုင်းရှိုင်းကြတယ် ။

ကောင်းကင်တမန်တော်တွေဟာ များသောအားဖြင့် နဖူးပေါ်မှာ ကြယ်ပုံစံအမှတ်အသားတွေ ပါကြတယ် ။ ဒါပေမဲ့ အလွန်စွမ်းအားကြီးတဲ့ ကောင်းကင်တမန်တော်တွေကတော့ ကြယ်ပုံစံအမှတ်အသားအစား တစ်ခြားအမှတ်အသားတစ်ခု ရှိနေတက်ကြတယ် ။ ဘာအမှတ်အသားလဲဆိုတာကိုတော့ သူလည်း အခုအချိန်အထိ မသိရသေးဘူး ။ ဘာလို့လဲဆိုရင် တစ်ခါမှမမြင်ဖူးလို့လေ ။ ​သူက လက်ရှိမှာ မင်းသားတစ်ပါးဆိုပေမဲ့ သူရဲ့အဆင့်အတန်းကတော့ အရမ်းကိုနိမ့်ကျလွန်းတယ် ။ အအေးနန်းဆောင်ထဲကနေ အပြင်ကို ခြေတစ်လှမ်းတောင် ထွက်ခွင့်မရှိသေးဘူးလေ ။

" ရှောင်ယွမ်!! "

အဲ့ဒီအချိန်မှာပဲ သူ့ရဲ့အနားကို စိုးရိမ်တကြီး အပြေးရောက်လာတဲ့ အမျိုးသမီးကြောင့် အတွေးတွေ ပြတ်တောက်သွားတယ် ။ အဲ့ဒီအမျိုးသမီးက တစ်ခြားလူတော့ မဟုတ်ခဲ့ဘူး ။ သူ့ရဲ့အခြေအနေကို စောင့်ကြည့်ဖို့အတွက် ကောင်းကင်တမန်တော်တွေ စေလွှတ်ထားတဲ့ အမျိုးသမီးသာဖြစ်တယ် ။ လွန်ခဲ့တဲ့ငါးနှစ်က ခြိမ်းခြောက်ခံထားရတဲ့ အမျိုးသမီးပေါ့ ။ သူမက သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေမဲ့ အပြင်ကိုတော့ ယောင်လို့တောင် ပေးမထွက်ဘူး ။ အဲ့တာကြောင့် သူကလည်း ဘာမှမသိနားမလည်တဲ့ ကလေးတစ်ယောက်လို ဟန်ဆောင်နေထိုင်ခဲ့တယ် ။

The Story Of Phoenix KingWaar verhalen tot leven komen. Ontdek het nu