သားရဲမျိုးနွယ်စုခေါင်းဆောင်က သွေးမျိုးနွယ်စုခေါင်းဆောင်ကို စည်းရုံးနိုင်ခဲ့တာကြောင့် စိတ်သက်သာယာရသွားတယ် ။ သွေးမျိုးနွယ်စုခေါင်းဆောင်က သူ့ရဲ့ကမ်းလှမ်းချက်ကို အလွယ်တကူ လက်မခံခဲ့ပေမဲ့ နောက်ဆုံးမှာတော့ တုန့်ဆိုင်းစွာသဘောတူလာတယ် ။ ရှားပါးသတ္တုတွင်းကရလာမဲ့ အကျိုးအမြတ်ကို ဘယ်သူမှလက်လွှတ်ခံမှာ မဟုတ်ဘူးလေ ။
" သွေးမျိုးနွယ်စုက ကျွန်တော်တို့ အလိမ်အညာတွေကို သိသွားရင် ခွင့်လွှတ်မှာမဟုတ်ဘူးနော် ကျွန်တော်တို့သားရဲမျိုးနွယ်ကို စစ်ကြေညာလိမ့်မယ် "
သားရဲမင်းသား လီချန်ကျိုးက ဖခင်ဖြစ်သူ မျိုးနွယ်စုခေါင်းဆောင်ကို စိုးရိမ်တကြီးပြောလာတယ် ။ သွေးမျိုးနွယ်စုက အရမ်းအစွမ်းထက်လွန်းတာကြောင့် သူတို့အနေနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး ။ ပြီးတော့ သွေးမင်းသား ဝေ့ပိုင်ယီလည်းရှိနေသေးတယ် ။
" သွေးမျိုးနွယ်စုက အစွမ်းထက်တာမှန်ပေမဲ့ အဲ့ဒီလူရဲ့ခွန်းအားကို မင်းလည်း ကိုယ်တိုင်မြင်ဖူးတာပဲ အဲ့ဒီလူကို ဒေါသထွက်အောင် လုပ်မဲ့အစား သွေးမျိုးနွယ်စုခေါင်းဆောင်ကိုပဲ အပြစ်ပြုလိုက်တော့ မဟုတ်ရင် ငါတို့မျိုးနွယ်စုတစ်ခုလုံး ရစရာမရှိအောင် ဖျက်စီးခံရလိုက်လိမ့်မယ် "
" အဲ့ဒီလူက ဘယ်သူလဲဆိုတာ အဖေသိလား သူက ဘယ်ရောက်လာတာလဲ "
" ငါမသိဘူး ဒါပေမဲ့ အဲ့ဒီလူက ပုံမှန်မဟုတ်တာတော့ သေချာတယ် ပြီးတော့ သူရဲ့ပစ်မှတ်က သွေးမျိုးနွယ်စုပဲ "
အဲ့ဒီနောက်မှာတော့ သားရဲမျိုးနွယ်စုခေါင်းဆောင်က သားဖြစ်သူနဲ့အတူ မျိုးနွယ်စုထဲပြန်လာကာ ကြောက်စရာကောင်းတဲ့ ထိုလူနဲ့ သွားတွေ့ခဲ့တယ် ။
" ငါခိုင်းထားတာတွေ လုပ်ပြီလား "
ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်ဝတ်ရုံနဲ့ ဖုံးအုပ်ထားလူက သားရဲမျိုးနွယ်စုခေါင်းဆောင်ကို အေးစက်စွာကြည့်ကာ မေးလာတယ် ။
" အရှင် မင်း ခိုင်းထားတဲ့အတိုင်း ကျွန်တော်တို့ အကုန်ပြင်ဆင်ပြီးသွားပါပြီ ... သွေးမျိုးစုခေါင်းဆောင်က ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါတယ် "
KAMU SEDANG MEMBACA
The Story Of Phoenix King
Fiksi PenggemarStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]