လက်ဖက်ရည်ပွဲတော် ပြီးသွားတဲ့နောက်မှာတော့ လူအများရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အကြောင်းအရာက လင်းအိမ်တော်က လင်းရှိုးယာရဲ့ကုချင်းသံစဉ်အကြောင်းပင်ဖြစ်တယ် ။ တိုင်းပြည်ရဲ့ရှင်ဘုရင်ကတောင်မှ လင်းရှိုးယာကို နန်းတော်ထဲဆင့်ခေါ်ခဲ့ရတဲ့အထိ လင်းရှိုးယာက နာမည်ကြီးလာခဲ့တယ် ။ အိမ်ရှေ့စံမင်းသား ဝေ့မင်းရန်နဲ့ လင်းရှိုးယာရဲ့ စေ့စပ်ထိမ်းမြှားတဲ့သတင်းကလည်း တိုင်းသိပြည်သိဖြစ်လာတော့တယ် ။
" သခင်လေးလင်း အိမ်ရှေ့စံမင်းသားက သခင်လေးကိုတွေ့ခွင့်တောင်းနေပါတယ် ''
" ငါမအားဘူးလို့ပြန်ပြောလိုက် ''
" ဒါ... ဒါပေမဲ့ ''
အစေခံမိန်းကလေးက သူမသခင်ရဲ့အေးစက်စက်အသံနဲ့ မျက်ဝန်းစူးစူးတွေကြောင့် ဒူးတွေတုန်လာတယ် ။
" ရှိုးယာ ဘာလို့ ကိုယ့်ကို ဒီလောက်အထိစိမ်းကားနေရတာလဲ? ကိုယ်တို့က မကြာခင်ပဲလင်မယားတွေဖြစ်လာကြတော့မှာလေ ''
" မင်း ထွက်သွားလို့ရပြီ ''
" ဟုတ်ကဲ့ သခင်လေး ''
ရှောင်ကျန့်က သူ့အခန်းထဲကို ကျူးကျော်ဝင်ရောင်လာတဲ့ ဝေ့မင်းရန်ကို မျက်နှာသေနဲ့စိုက်ကြည့်လိုက်ပြီး အစေခံမိန်းကလေးကို ထွက်သွားဖို့အမိန့်ပေးလိုက်တယ် ။
" ငါ မင်းနဲ့လက်ထပ်မှာမဟုတ်ဘူး ။ ''
ဝေ့မင်းရန်ရဲ့မျက်နှာပေါ်ကအပြုံးတွေက ဒီစကားကြောင့်ချက်ခြင်းပျောက်ကွယ်သွားတယ် ။
" မင်းသားကိုးကြောင့်လား? ဝေ့ရီချန်ကြောင့် ကိုယ်နဲ့လက်မထပ်ချင်တာလား ? "
" မဟုတ်ဘူး ။ ''
".............''
" ငါက ငါ့ကိုပိတ်လှောင်ထားမဲ့အရာတွေကို သဘောမကျဘူး ။ ငါ့ကိုကာကွယ်ပေးမဲ့လူလည်း မလိုအပ်သလို သတ်ချင်တဲ့လူရှိရင်လည်း ဂရုစိုက်နေမှာမဟုတ်ဘူး ။ မင်းရော ဝေ့ရီချန်ရောက ငါ့အတွက် ဆူးငြောင့်တစ်ခုထက်မပိုဘူး ။ ငါက ဘာလို့လက်ထပ်ရမှာလဲ ကောတစ်ယောက်ဖြစ်နေတာနဲ့ပဲ ငါ့ကိုထိန်းချုပ်ချင်နေကြတာလား? "
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]