"144"

840 127 14
                                    

" ရှောင်ကျန့် အဲ့ဒီအချိန်တုန်းက မင်း ဟန်ဆောင်နေခဲ့မလား .... ဝမ်ရီပေါ်ရဲ့ ရွှေရောင်အသက်ဓာတ်လုံးကို တကယ်မဖျက်စီးပစ်ခဲ့ဘူးမလား "

ဟူမင်ယွီက သူရဲ့စိတ်ထဲမှာတွေးနေတဲ့ အတွေးတွေကို ထုတ်ပြောလိုက်တယ် ။ သူထင်တာမမှားရင် ရှောင်ကျန့် သူ့ကို တွေ့ချင်နေတဲ့ အကြောင်းအရင်းက ဝမ်ရီပေါ်ရဲ့လက်ရှိအခြေအနေကို သိချင်လို့ပဲ ဖြစ်ရမယ် ။

" ဟုတ်တယ် သူ့ရဲ့ရွှေရောင်အသက်ဓါတ်လုံးက အခုအချိန်အထိ အကောင်းအတိုင်းရှိနေတုန်းပဲ "

" ဒါဆိုရင် အဲ့ဒီတုန်းက မင်း ငါတို့ကို တမင်လှည့်စားခဲ့တာပေါ့ "

" ဘာလို့လဲ လှည့်စားလို့မရဘူးလား မင်းတို့တောင် ငါ့ကို အကြိမ်ကြိမ်လှည့်စားခဲ့သေးတာပဲလေ .... ငါက မင်းတို့ကို အခုမှ တစ်ကြိမ်ပဲပြန့်လှည့်စားရသေးတယ် မင်းက ငါ့ကို အပြစ်တင်ချင်နေပြီလား "

ဟူမင်ယွီဟာ သူ့ကို ‌မျက်ခုံးပင့်ကာ မေးလာတဲ့ ရှောင်ကျန့်ရဲ့စကားတွေကြောင့် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ် ။ ရှောင်ကျန့်ပြောတာက တကယ်လည်း မှန်နေတာပဲလေ ။ ဝမ်ရီပေါ်နဲ့ သူက အဖြစ်မှန်တွေဖုံးကွယ်ပြီး ရှောင်ကျန့်ကိုလှည့်စားဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ် ။ ဒါပေမဲ့ ရှောင်ကျန့်ကလည်း သူတို့လိုပဲ သူတို့ကို လှည့်စားလာမှာကိုတော့ တွေးမထားမိဘူး ။ ပြီးတော့ အဲ့ဒီအချိန်တုန်းက ရှောင်ကျန်ရဲ့ပုံစံက မှန်းဆလို့မ‌ရအောင် ဖြစ်နေခဲ့တယ် မဟုတ်ပါလား ။

" ဝမ်ရီပေါ်က မသေသေးပေမဲ့ မင်းရဲ့လုပ်ရပ်ကြောင့် အသုံးမဝင်တဲ့ ဒုက္ခိတတစ်ယောက်ဖြစ်သွားပြီ ဘာစွမ်းအားမှ သုံးလို့မရတော့ဘူး မဟုတ်ရင် စိတ်ဝိညာဉ်မှာ ဒဏ်ရာတွေ ပိုများလာလိမ့်မယ် "

" မင်း သူရဲ့စိတ်ဝိညာဉ်ကို ကုသပေးခဲ့တာလား "

ရှောင်ကျန့်က ဟူမင်ယွီကို မျက်မှောင်ကျုံ့ကာ မေးလိုက်တယ် ။ ဟူမင်ယွီဆိုတဲ့ အရူးကောင်က ဘာတွေလျှောက်လုပ်လိုက်တာလဲ ။ ဝမ်ရီပေါ်ရဲ့စိတ်ဝိညာဉ်က တကယ်ထိခိုက်သွားတာ မဟုတ်ဘူးလေ ။ ဓားမှာပါတဲ့ အဆိပ်ကြောင့် အားနည်းနေသလိုဖြစ်နေတာ ။ အချိန်တန်ရင် အလိုလိုပြန်ကောင်းသွားလိမ့်ယ် ။

You've reached the end of published parts.

⏰ Last updated: Nov 01 ⏰

Add this story to your Library to get notified about new parts!

The Story Of Phoenix KingWhere stories live. Discover now