''12''

9.3K 1.2K 19
                                    

ဝေ့ရီချန်က အသက်မရှိတော့တဲ့ လင်းရှိုးယာရဲ့ကိုယ်လေးကို တင်းကြပ်စွာပွေ့ဖက်ထားကာ မျက်ရည်တွေကို စီးကျခွင့်ပေးလိုက်တယ် ။ အောင့်တက်လာတဲ့ ရင်ဘတ်ကြောင့် သွေးအန်မိတော့ သူ့ကို စိုးရိမ်တကြီးအော်ခေါ်လာတဲ့ သူရဲ့သစ္စာရှိလူယုံတွေ ။

" သခင်!! "

ဝေ့ရီချန်က အရာအားလုံးကိုလျစ်လျူရှုပစ်ပြီး လင်းရှိုးယာရဲ့ကိုယ်လေးကိုပွေ့ချီကာ အဝေးဆုံးနေရာကို ထွက်သွားလိုက်တယ် ။ သူရဲ့ဘဝကြီးက အဓိပ္ပါယ်မရှိတော့ဘူး ။ အသက်ရှူနေပေမဲ့လည်း သေဆုံးခဲ့ရပြီးပြီ ။

လင်းရှိုးယာ မင်းဘာဖြစ်လို့ ငါ့ကိုထားခဲ့ရတာလဲ? ။ ငါက မင်းပေါ်ကောင်းကောင်မဆက်ဆံခဲ့လို့လား? ။ အမှားလုပ်ခဲ့မိလို့ အခုလိုမျိုးအပြစ်ပေးလိုက်တာလား? ။ မင်းရဲ့ရင်ထဲမှာ ငါဆိုတဲ့လူက နည်းနည်းလေးတောင် အရေးမပါခဲ့ဘူးလား? ။ ဘာလို့ ငါ့အပ်ါရက်စက်ရတာလဲ? ။ ဒီရက်ကျမှ... ဒီရက်ကျတော့မှ မင်းက ငါ့ကိုထားသွားဖို့ဆုံးဖြတ်ခဲ့တယ် ။ ငါအရမ်းနာကျင်ရတယ် ။

ဝေ့ရီချန်ဟာ တဖြည်းဖြည်းအေးစက်လာတဲ့ လင်းရှိုးယာရဲ့ခန္ဓာကိုယ်လေးကို မြတ်နိုးစွာကြည့်နေပြီး သွေးရောင်ကင်းမဲ့နေတဲ့ နှုတ်ခမ်းပါလေးကို သူရဲ့နှုတ်ခမ်းတွေနဲ့ ထိကပ်လိုက်တယ် ။ အဲ့ဒီ​နောက် လင်းရှိုးယာရဲ့ရင်ဘတ်မှာ စိုက်နေတဲ့ဓားကို အသာဆွဲထုတ်ကာ သူရဲ့လက်ကောက်ဝတ်ကို လှီးချပစ်လိုက်တယ် ။ ဝေဝါးလာတဲ့အမြင်အာရုံကြောင့် မျက်လုံး​တွေမှိတ်ထားလိုက်တော့ အတိတ်ကအကြောင်းအရာတွေက ခေါင်းထဲပြန်ပေါ်လာတယ် ။

သူငယ်ငယ်တုန်းက လှပတဲ့ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ် ။ အဲ့ဒီကောင်လေးက သူထက် ရက်အနည်းငယ်သာကြီးပြီး ရောဂါသည်လေး ။ သူက အဲ့ဒီကောင်လေးကို အကြောင်းပြချက်မရှိပဲ ကာကွယ်ပေးချင်ခဲ့တယ် ။ သူကို အမြဲငေးကြည့်နေတက်တဲ့ မျက်ဝန်းထဲကအဓိပ္ပါယ်တွေကို မသိချင်ယောင်ဆောင်ပြီး ပုံမှန်အတိုင်းဆက်ဆံပေးခဲ့တယ် ။ အဲ့ဒီကောင်လေးကို ကာကွယ်ပေးချင်တယ်ဆိုတဲ့ ခံစားချက်ကလွဲပြီး တစ်ခြားဘာစိတ်မရှိခဲ့ဘူး ။ ကာကွယ်ပေးချင်ခဲ့တာလေး တစ်ခုပဲရှိတာ ။

The Story Of Phoenix KingDove le storie prendono vita. Scoprilo ora