''107''

3K 360 13
                                    

ရှောင်ကျန့်က ပြန်သတိလာတဲ့ အခါမှာတော့ မြေ​အောက်ကမ္ဘာကို ရောက်ရှိနေမှန်းသိသွားခဲ့တယ် ။ ဟူး! ဝမ်ရီပေါ်တော့ သူ့ကို စိတ်ပူနေတော့မှာပဲ ။ ဘာမှမပြောပဲ ပျောက်သွားခဲ့တာဆိုတော့လေ ။ ဒါနဲ့ သူ့ကို ဒီနေရာခေါ်လာတဲ့လူက ဘယ်သူလဲ ။ ဝမ်ရီပေါ်ချထားတဲ့စည်းက အဲ့ဒီလူအပေါ် ဘာလို့ အလုပ်မဖြစ်ရတာလဲ ။ ထိုအချိန်တုန်းက အကြောင်းကို ပြန်စဉ်းစားမိတော့ သူရဲ့အသုံးမကျမှုအတွက် သူ့ကိုယ်သူ အရမ်းစိတ်ပျက်နေမိတယ် ။

သူရဲ့လက်ရှိခန္ဓာကိုယ်က ကလေးအရွယ်ဖြစ်နေတဲ့အပြင် စွမ်းအားတွေကလည်း အကြောင်းပြချက်မရှိ ပျောက်ကွယ်သွားတာတာကြောင့် သူ့ရဲ့ရန်သူကို ဘာမှတောင် ပြန်မလုပ်နိုင်ခဲ့ဘူး ။ သူရဲ့ရန်သူက သူ့အနား လာနေတာကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရတယ် ။ အကူအညီတောင်းဖို့မဆိုနဲ့ လှုပ်တောင် မလှုပ်ရှားနိုင်ခဲ့ဘူး ။ အဲ့ဒီနောက်မှာတော့ သူရဲ့အမြင်အာရုံက စတင်ဆိုးဝါးလာပြီး အိမ်မက်ကမ္ဘာထဲ ကျရောက်သွားတော့တယ် ။

" ကိုယ့်ရဲ့ကလေးလေးက နိုးတောင်နိုးနေခဲ့ပြီပဲ ကိုယ်က မင်းလေး မနိုးလောက်သေးဘူး ထင်နေတာ ''

ရှဲကျင်းဝမ်က သူ့ရဲ့အိပ်ယာပေါ်က သူ့ရဲ့ကလေးလေးကို ချစ်မြတ်နိုးမှုတွေ ပြည့်နှက်နေတဲ့ အကြည့်တွေနဲ့ကြည့်ကာ ဆိုလာတယ် ။

ရှောင်ကျန့်က ရှဲကျင်းဝမ်ရဲ့အကြည့်နဲ့ စကားတွေကြောင့် တောင့်ခဲသွားပေမဲ့ သူ့ကိုယ်သူ မဖော်ထုတ်ချင်တာမို့ ကလေးအဖြစ် ဟန်ဆောင်နေဖို့ ဆုံးဖြတ်လိုက်တယ် ။

" ရှောင်ယွမ်... ရှောင်ယွမ် အိမ်ပြန်ချင်တယ် အဟင့်! ရှောင်ယွမ် ဒီနေရာကို မကြိုက်ဘူး အဟင့်! ကျဲကျဲ ကျဲကျဲကိုတွေ့ချင်တယ် ရှောင်ယွမ် ဒီမှာမနေချင်ဘူး အိမ်ပြန်ချင်တယ် အဟင့်! ''

ရှဲကျင်းဝမ်ဟာ သူ့ကလေးလေးရဲ့ ငိုကြွေးသံကြောင့် စိတ်မသက်မသာဖြစ်လာပေမဲ့ ပြန်ပို့ပေးဖို့ဆိုတာက လုံးဝကိုမဖြစ်နိုင်ဘူးလေ ။ သူက သူရဲ့ကလေးလေးကို သူနဲ့အတူ ခေါ်ထားတော့မှာ ။ ပြီးတော့ လူသားကမ္ဘာကလည်း အရင်လိုငြိမ်ချမ်းမနေတော့ဘူး ။ နေရာတိုင်းမှာ စစ်ပွဲတွေချည်းပဲ ။ ဒါပေမဲ့ သူ့ရဲ့ကလေးလေးကို ဒီထက်ပိုပြီး ဝမ်းမနည်းစေချင်တာကြောင့်....

The Story Of Phoenix KingDonde viven las historias. Descúbrelo ahora