''39''

5.2K 745 16
                                    

" ဆရာဦးလေးက ကျွန်တော်အပိုင် ။ ကျွန်တော်စီက ဘယ်သူမှလုယူပိုင်ခွင့်မရှိဘူး ''

လျိုအန်းက မေ့မျောနေတဲ့လူသားလေးကို မြတ်နိုးစွာကြည့်ကာ ခပ်တိုးတိုးရေရွတ်မိတယ် ။ နောက်ဆုံးတော့ ဆရာဦးလေးက သူ့လက်ထဲရောက်လာခဲ့ပြီ ။ သူရင်ခွင်ထဲမှာ ထွေးပွေ့ထားနိုင်ခဲ့ပြီ ။ ဒီလိုဖြစ်လာဖို့အတွက် သူအများကြီးစောင့်ဆိုင်းခဲ့ရတာ ။ အခုတော့သူရဲ့ပန်းတိုင်ကို ရောက်အောင်သွားနိုင်ခဲ့ပြီ ။ ဘယ်သူကမှ ဒီလူသားကို သူစီကနေ လုယူသွားလို့မရတော့ဘူး ။

" ဆရာဦးလေး ကျွန်တော်အရမ်းပျော်တာပဲသိလား? အာ! မဟုတ်သေးပါဘူး ဒီအခြေအနေအထိတောင် ​ရောက်လာပြီဆိုမှတော့ အခေါ်အဝေါ်တွေပါ ​ပြောင်းရတော့မယ်မဟုတ်လား? ဆရာဦးလေးလို့ မခေါ်သင့်တော့ဘူးလေ ။ ''

လျိုအန်းက သူ့ရဲ့ရင်ခွင်ထဲက လူသားလေးရဲ့ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းသားအိအိလေးကို သူရဲ့နှုတ်ခမ်းတွေနဲ့ဖိကပ်ထားမိတယ် ။ နူးညံ့လွန်းတယ် ။ ပြီး​တော့ပျားရည်ထက်တောင် ချိမြိန်လွန်းတယ် ။ ဒီလူသားလေးရဲ့ခန္ဓာကိုယ်ကလည်း အခုလိုပဲနူးညံ့ပြီးချိုမြိန်နေမလား? ။

" မင်း သူ့ကိုခေါ်သွားတော့မှာလား? "

လျိုအန်းရဲ့အာရုံတွေက ရီအန်းယာဆိုတဲ့လူကြောင့် ပြတ်တောက်သွားတယ် ။ စိတ်မကြည်ဖြစ်သွားပေမဲ့လည်း သူအလိုချင်ဆုံးလူကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်တာမို့...

" ခင်များက သူ့အကိုဖြစ်ပေမဲ့လည်း ခင်များကြောင့်ပဲ သူက ကျွန်တော်လက်ထဲရောက်လာတာ ။ ဒါကြောင့်အနာဂတ်မှာ ခင်များနဲ့သူက သူစိမ်းတွေဖြစ်သွားပြီ ။ သူက လျိုအန်းဆိုတဲ့ ကျွန်တော်တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တယ် ။''

လျိုအန်းက ရီဝူချင်းကို ဂရုတစိုက်ပွေ့ချီကာ ထွက်သွားဖို့ပြင်လိုက်တယ် ။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့ သူကိုခွင့်ပြုချင်ပုံမရဘူး ။

" ရပ်စမ်း! ငါခွင့်မပြုဘူး!! မင်း သူ့ကိုခေါ်သွားခွင့်မရှိဘူး ''

ကျူဖုန်းမင်က ဒေါ်သထွက်လွန်းလို့ သွေးထပ်အန်မိတယ် ။ ကျိုးဝမ်လီဆိုတဲ့လူက ဒီလောက်အထိညဏ်များမယ်လို့ သူမထင်ထားဘူး ။ လျိုအန်းနဲ့ပူပေါင်းပြီး အခုလိုကြံစည်ရဲတယ်ပေါ့ ။

The Story Of Phoenix KingOnde histórias criam vida. Descubra agora