ရှောင်ကျန့်က အလွန်သေးငယ်လွန်းတဲ့ သူရဲ့လက်ချောင်းလေးတွေကို စိတ်ဓာတ်ကျစွာ စိုက်ကြည့်နေမိတယ် ။ သူ ဘာလို့ ဒီကမ္ဘာကို ရောက်လာရတာလဲ ။ ကျိုးလော့ချင်းရော အဆင်ပြေပါ့မလား ။ ပြီးတော့ မော့ကျိုးရန်က သူ့ကို ဘာပြောချင်နေတာလဲ ။ ဘယ်လိုစကားဖြစ်နေလို့ တားမြစ်ခံလိုက်ရတဲ့အထိ ဖြစ်သွားခဲ့တာလဲ ။ ကျစ်! ကိစ္စတွေက ပိုပိုပြီးရှုပ်ထွေးလာပြီပဲ ။ ပုံရိပ်ယောင်နယ်မြေတွေမှာ ဆက်နေလို့မဖြစ်တော့ဘူး ။ ကမ္ဘာအစစ်ကို အမြန်ပြန်သွားမှဖြစ်မယ် ။
ဒါပေမဲ့ ဝမ်ရီပေါ် သူ သူ့ကို ဘာလို့အခုအထိ မတွေ့ရသေးတာလဲ ။ ရှောင်ကျန့်ဟာ ဝမ်ရီပေါ်ရဲ့တည်ရှိမှုကို ရှာဖွေလို့မရဖြစ်နေတယ် ။ ဝမ်ရီပေါ်က အဲ့ဒီကမ္ဘာမှာ ပိတ်မိနေတာတော့ မဟုတ်ပါဘူးနော် ။ ရှောင်ကျန့်က ထိုအတွေးကြောင့် စိတ်မသက်မသာ ဖြစ်လာရတော့တယ် ။
" ဘုရင်မင်းမြတ်က မိဖုရားယွဲ့နဲ့ ကျန်းအမတ်ကြီးကို အဆိပ်ခွက်ချီးမြှင့်လိုက်ပြီ အဲ့တာကြောင့် အခုဆိုရင် ဒီနေရာက ဖျက်စီးခံရတော့မှာ ပြီးတော့ မင်းသားလေးကိုလည်း နန်းတော်ထဲက နှင်ထုတ်တော့မယ် ''
" ဘုရင်မင်းမြတ်က မင်းသားလေးကို အသက်ရှင်ခွင့်ပေးလိုက်တာလား အရင်ကအမိန့်ကို ပြန်ရုပ်သိမ်းပြီလား? "
" ဟုတ်တယ် ဦးရီတော်က မင်းသားလေးကို အသက်ရှင်စေချင်နေတယ် အဲ့တာကြောင့် ဘုရင်မင်းမြတ်က မင်းသားလေးကို မသတ်တော့တာ ''
" နင်... နင်ပြောတဲ့ဦးရီတော်က အဲ့ဒီ.. အဲ့ဒီလူလား? "
" ဟုတ်တယ်လေ အဲ့ဒီဦးရီတော်ကို ပြောနေတာ ''
" တော်... တော်တော့ ဆက်မပြောနဲ့တော့ ငါဘာမှမသိချင်တော့ဘူး နင် ငါနဲ့ဝေးဝေးနေ ''
အဲ့ဒီနောက်မှာတော့ ထိုမိန်းကလေးဟာ သူရဲ့အဖော်ဖြစ်သူကို ကြောက်လန့်စွာကြည့်ကာ အဝေးကို ထွက်ပြေးသွားတော့တယ် ။ ကျန်နေခဲ့တဲ့ မိန်းကလေးကတော့ ဘာမှနားမလည်နိုင်ဖြစ်လို့နေတယ် ။ သူမရဲ့သူငယ်ချင်းက ဦးရီးတော်ကို ဘာလို့ သေမတက် ကြောက်လန့်နေတာလဲ? ။
ရှောင်ကျန့်က ထွက်ပြေးသွားတဲ့ အမျိုးသမီးရဲ့ကျောပြင်ကို အဓိပ္ပါယ်ဖော်ရခက်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေခဲ့တယ် ။ သူထင်တာမမှားဘူးဆိုရင် အဲ့ဒီအမျိုးသမီးကို တွယ်ကပ်နေတဲ့သရဲတွေက ဦးရီတော်ဆိုတဲ့လူနဲ့ ပတ်သတ်မှုရှိရမယ် ။ အဲ့ဒီအချိန်မှာပဲ သူရဲ့အနားကိုရောက်ရှိလာတဲ့ အဖြူရောင်ဝတ်စုံနဲ့လူတွေ ။ ရှောင်ကျန့်ဟာ အဲ့ဒီလူတွေရဲ့နဖူးပေါ်က ကြယ်ပုံစံအမှတ်အသားကို သတိလက်လွှတ်ငေးကြည့်နေမိတယ် ။
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]