လီရှင်းယီဟာ သူ့ရဲ့လက်ကောက်ဝတ်မှာ ချည်နှောင်ထားတဲ့ ကြိုးတွေကို ကြောင်အစွာကြည့်နေမိတယ် ။ ဘာတွေဖြစ်နေတာလဲ? ပြီးတော့ သူကရော ဒီနေရာကို ဘယ်လိုလုပ်ရောက်နေရတာလဲ? ။ ပိုင်ကောနဲ့တွေ့ဖို့ သွားနေတဲ့လမ်းမှာ မဟုတ်ဘူးလား? ။ ပြန်ပေးဆွဲခံလိုက်ရများတာလား? ။
" နောက်ဆုံးတော့နိုးလာပြီပေါ့ ''
ကြားလိုက်ရတဲ့အသံကြောင့် ဘေးဘက်ကို လှည့်ကြည့်လိုက်တော့ အဓိပ္ပါယ်ဖော်ရခက်တဲ့ မျက်လုံးတွေနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရတယ် ။
" မော့ကျိုးရန်? "
လီရှင်းယီဟာ မော့ကျိုးရန်ကို ရှုပ်ထွေးစွာကြည့်နေမိတယ် ။ မော့ကျိုးရန်က ဒီနေရာမှာ ဘာလို့ရှိနေရတာလဲ? ။ သူနဲ့အတူတူ ပြန်ပေးဆွဲခံလိုက်ရတာလား? ။ ဒါပေမဲ့ မော့ကျိုးရန်ရဲ့ပုံစံက ပြန်ပေးဆွဲခံထားရတဲ့ လူတစ်ယောက်ရဲ့ပုံစံနဲ့ လုံးဝတူမနေဘူး ။ မဟုတ်မှလွဲရော သူ့ကိုပြန်ပေးဆွဲတဲ့လူက မော့ကျိုးရန်များဖြစ်နေမလား? ။
" တကယ်တူတယ် လုံးဝတစ်ပုံစံတည်းပဲ ''
မော့ကျိုးရန်ဟာ သူရဲ့မျက်စိအရှေ့ကလူကို စိုက်ကြည့်ကာဆိုလာတယ် ။ လီရှင်းယီရဲ့မျက်နှာက ရှောင်ကျန့်နဲ့တစ်ပုံစံတည်းပဲ ။ ဒါပေမဲ့ ရှောင်ကျန့်လိုမျိုး မာနကြီးပြီးအထက်စီးဆန်တဲ့ အငွေ့အသက်တွေရှိမနေဘူး ။
[ အရှင်ရှောင်ကျန့်က တစ်ယောက်တည်းပဲရှိတယ် သူ့ကို ဘယ်သူကမှ အတုခိုးလို့မရဘူး ]
[ အဟက်! ငါသိပါတယ် သူ့နေရာကို ဘယ်သူကမှ အစားဝင်လို့မရဘူးဆိုတာကို ဒါပေမဲ့ လီရှင်းယီရဲ့မျက်နှာက ဒီလောက်အထိ သွားတူနေလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး ။ ဒီကမ္ဘာကို ဖန်တီးခဲ့တုန်းက လီရှင်းယီကို သူနဲ့တူတဲ့ လူတစ်ယောက်နဲ့အဖြစ် ပုံဖော်ခဲ့ပေမဲ့ အခုလိုမျိုး တစ်ထပ်တည်းသွားတူနေမယ်လို့တော့ မမျော်လင့်ထားခဲ့ဘူး ]
အဲ့ဒီနောက်မှာတော့ မော့ကျိုးရန်ဟာ လီရှင်းယီရဲ့အနားကိုသွားကာ လီရှင်းယီရဲ့ပါးပြင်ကို ညှင်သာစွာထိတွေ့လိုက်တယ် ။
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]