''82''

4.3K 550 9
                                    

ကျိုးကျောက်ချန်ဟာ ချင်းလီရွမ်ရဲ့လက်တွေကို တင်းကြပ်စွာချည်နှောင်ပစ်လိုက်တယ် ။ အဲ့ဒီနောက်မူကျားယွမ်ကို ခြိမ်းခြောက်ဖို့အတွက် ချင်းလီရွမ်ကိုပါ သူနဲ့အတူအပြင်ဘက်ကို ခေါ်ထုတ်လာခဲ့တယ် ။ အပြင်ဘက်မှာတော့ သူရဲ့လူတွေဟာ မူကျားယွမ်ရဲ့ဖမ်းစီးခြင်းကိုခံထားရပြီး သေတဲ့လူကသေ ဒဏ်ရာရတဲ့လူကရဖြစ်နေတယ် ။

" အဖေ!! "

မူကျားယွမ်က ချင်းလီလီရဲ့အော်သံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ အန်ကယ်ချင်းကို သေနတ်နဲ့ချိန်ထားတဲ့ ကျိုးကျောက်ချန်ကို တွေ့လိုက်ရတဲ့အပြင် အန်ကယ်ချင်းရဲပါးပြင်​ပေါ်က လက်ဝါးရာကိုပါ တွေ့လိုက်ရတယ် ။

" ကျိုး.ကျောက်.ချန် ''

သူအမြတ်တနိုးနမ်းနေကျပါးကို အဲ့ဒီခွေးသူတောင်းစားက ရိုက်ရဲတယ် ။ မူကျားယွမ်က သတ်ဖြတ်ချင်စိတ်တွေ ကြီးစိုးလာခဲ့တယ် ။

" သူ့ကိုဘာမှမဖြစ်စေချင်ဘူးဆိုရင် လိမ်လိမ်မာမာနဲ့အညံ့ခံလိုက် မဟုတ်ရင် မင်းရဲ့မျက်စိရှေ့မှာပဲ သူကိုသတ်ပစ်မယ် ''

ကျိုးကျောက်ချန်က အနိုင်ရသူတစ်ယောက်လို ပြုမူလို့နေတယ် ။ အဟက်! သူရဲ့လက်ထဲမှာ ချင်းလီရွမ်ရှိနေသ၍ မူကျားယွမ်က သူ့ကို လွန်ဆန်ရဲမှာမဟုတ်ဘူး ။

" ဘာလဲ မင်းက ငါပြောတာကို မယုံကြည်ဘူးလား? ဒါဆိုရင် ငါ မင်းကို ဥပမာပြပေးမယ် ''

... ဒိုင်း ...

ကျိုးကျောက်ချန်ဟာ ချင်းလီရွမ်ရဲ့ဘယ်ဘက်လက်မောင်းကို သေနတ်နဲ့ပစ်ကာ ထပ်မံခြိမ်းခြောက်လိုက်တယ် ။ မူကျားယွမ်က မျက်နှာတစ်ခုလုံး ဖြူစုပ်သွားတဲ့အထိ ထိတ်လန့်သွားခဲ့တယ် ။

" ရပ်လိုက်!! "

" ဘယ်လိုလဲ? ငါပြောတာကို ယုံကြည်ပြီလား? "

မူကျားယွမ်ဟာ ချင်းလီရွမ်ရဲ့လက်မောင်းကနေ စီးကျလာတဲ့သွေးတွေကို တုန်လှုပ်စွာစိုက်ကြည့်နေခဲ့တယ် ။ ကျိုးကျောက်ချန်က ဒီလောက်အထိလုပ်နိုင်မယ်လို့ သူလုံးဝမထင်ထားခဲ့ဘူး ။

" ငါပြောတာကိုယုံပြီဆိုရင် မင်းဖမ်းထားတဲ့ ငါရဲ့လူတွေကိုလွှတ်ပေးပြီး ကိုယ့်ဘာသာကိုယ် လက်ထိပ်ခတ်လိုက် ''

The Story Of Phoenix KingWaar verhalen tot leven komen. Ontdek het nu