"127"

922 145 9
                                    

" မင်းယွမ် ကိုယ်တောင်းပန်ပါတယ် ကိုယ် မင်းကို ကာကွယ်မပေးနိုင်ခဲ့ဘူး "

ရှောင်ကျန့်က ကျိုးမင်းယွမ်ရဲ့နှုတ်ခမ်းထောင့်က သွေးတွေကို လက်ချောင်းတွေနဲ့ ပွတ်သပ်ပေးရင်း ဆိုလာတယ် ။ လုမင်းရန်အတုက ကျိုးမင်းယွမ်ကို ဘာလို့လိုက်ပြီး တိုက်ခိုက်နေရတာလဲ ။ တကယ်လို့ ကျောက်လျိုချင်းသာ အဲ့ဒီနေရာမှာရှိမနေရင် ဒါမှမဟုတ် သူသာ ကျောက်လျိုချင်းကို ဖီးနှစ်ငှက်မွှေး ပေးမထားခဲ့ရင် ကျိုးမင်းယွမ်တစ်ယောက် လုမင်းရန်အတုလက်ချက်နဲ့ ဒဏ်ရာအကြီးအကျယ် ရသွားနိုင်တယ် ။

" ကျွန်တော် အဆင်ပြေပါတယ် ကိုကို ဒဏ်ရာက သိပ်မနာပါဘူး "

ဝမ်ရီပေါ်က ဖြူဖပ်ဖြူလျော့ဖြစ်နေတဲ့ မျက်နှာလေးနဲ့ ဆိုလိုက်တယ် ။ သူရဲ့လက်ရှိပုံစံက ကာကွယ်ပေးချင်စရာကောင်းလောက်အောင် နူးညံ့အားနည်းနေတာကြောင့် မြင်သူတကာ သနားစိတ်ဝင်ပြီး ကူညီပေးချင်မှာ အ‌သေအချာပဲ ။ အဲ့ဒီလိုဖြစ်အောင်လည်း သူက တမင်ဟန်ဆောင် လုပ်ယူထားတယ် မဟုတ်ပါလား ။

ထိုမြင်ကွင်းကိုမြင်နေရတဲ့ ကျောက်လျိုချင်းကတော့ ဟန်ဆောင်ကောင်းလွန်းတဲ့ ကျိုးမင်းယွမ်ကို စိတ်ထဲကနေ လက်မထောင်ပြကာ အမှတ်ပြည့်ပေးလိုက်မိတယ် ။ ကျိုးမင်းယွမ်က ဒီလောက်အထိ ဟန်ဆောင်ကောင်းလိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး ။ သူ့ကို ဒေါသတကြီး သတ်ဖြတ်တော့မဲ့လူက အချိန်ခဏလေးအတွင်းမှာပဲ ထိခိုက်ကျိုးပဲ့လွယ်တဲ့ ဖျားနာနေတဲ့အလှလေးအဖြစ် ချက်ခြင်းပြောင်းလဲသွားတယ် ။ သူရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့သာ မမြင်ခဲ့ရင် ယုံကြည်နိုင်မှာ မဟုတ်ဘူး ။

" ကျောက်... ရှမင်ကျိုး ငါ မင်းကို မေးစရာရှိတယ် ငါနဲ့ အပြင်ဘက်ကိုလိုက်ခဲ့ "

‌ရှောင်ကျန့်က အိပ်ယာပေါ်မှာ ဒဏ်ရာတွေနဲ့ လဲလျောင်းနေတဲ့ ကျိုးမင်းယွမ်ကို ဂရုတစိုက်စောင်ခြုံပေးကာ ကျောက်လျိုချင်းကို ပြောလိုက်တယ် ။ သူ့မှာ ကျောက်လျိုချင်းကို မေးစရာတွေ အများကြီးရှိနေတယ် မဟုတ်ပါလား ။ လုမင်းရန်အတုက သူ့ရဲ့အခန်းထဲ ဘယ်သူမှမသိအောင် ဝင်ရောက်လာနိုင်တာက သိပ်ကိုထူးဆန်းလွန်းတယ် ။

The Story Of Phoenix KingDove le storie prendono vita. Scoprilo ora