''18''

7.3K 1K 29
                                    

ရှောင်ကျန့်က လီကျားရီဆိုတဲ့လူကို အထက်အောက်စိုက်ကြည့်နေမိတယ် ။ ဒီလီကျားရီက ဝမ်ရီပေါ်ရဲ့ပျောက်ဆုံးနေတဲ့ ဝိညာဉ်အပိုင်းအစတွေထဲက တစ်ခုဟုတ်လား ၊ မဟုတ်လားဆိုတာကို အင်မတန်သိချင်နေတယ် ။ သူစမ်းသပ်ကြည့်ဖို့တော့လိုနေပြီ ။ ရှောင်ကျန့်က လီကျားရီရဲ့အနားကိုတိုးကပ်သွားပြီး နားဖျားလေးကို ကိုက်ဆွဲပစ်လိုက်တယ် ။

" ဘာ... ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? "

လီကျားရီက ကျန်းရှောင်ဖန်ရဲ့အပြုအမူကြောင့် လန့်ုဖြတ်ပြီးလဲကျသွားတော့တယ် ။ သူ့ကိုအဓိပ္ပါယ်ဖော်ရခက်တဲ့ မျက်ဝန်းတွေနဲ့စိုက်ကြည့်လို့ သူ့နှုတ်ခမ်းတွေကိုပါ ထပ်မံပွတ်သပ်လာတယ် ။ တုန်နေတဲ့သူ့အသံကို မကြားချင်ယောင်ဆောင်လို့ သူ့ကို တစ်ခုခုလုပ်ဖို့ ကြိုးစားနေတဲ့ ကျန်းရှောင်ဖန် ။ ဘာ.... ဘာတွေဖြစ်သွားတာလဲ? ။

လီကျားရီက မကောင်းဆိုးဝါးတစ်ကောင်နဲ့ ရင်ဆိုင်နေရသလို ခန္ဓာကိုယ်ကအဆက်မပြတ်တုန်ရီလာတယ် ။ အဲ့ဒီနောက် သူ့ကို အပ်ါကနေအုပ်မိုးပြီး စိုက်ကြည့်နေတဲ့ ကျန်းရှောင်ဖန်ကို ဖယ်ထုတ်ကာ ထွက်ပြေးလာခဲ့တယ် ။ ကျန်းရှောင်ဖန်က သူ့ကို ဘာလို့ဒီလိုလုပ်ရတာလဲ? ။ သူတို့က ညီအကိုတွေလေ ။ အဖေတူအမေကွဲ ညီအကိုတွေ! ။ ဒါကလုံးဝမဖြစ်သင့်ဘူး ။

စိတ်လွှတ်နေတဲ့ လူတစ်ယောက်လိုမျိုး တစ်ယောက်တည်းစကားတွေပြောနေမိတယ် ။ ကျန်းရှောင်ဖန်ရဲ့အထိအတွေ့အကြောင်းကို ပြန်စဉ်းစားမိတော့ သူရဲ့အောက်ပိုင်းတစ်နေရာက အစွမ်းကုန်ဆန္ဒတွေပြလာတယ် ။ လီကျားရီရဲ့မျက်နှာက မည်းတက်လာပြီး မချီတင်ကဲခံစားနေရတယ် ။ ကျန်းရှောင်ဖန်ကလည်း သူ့လိုပဲလား? ။ မဟုတ်ဘူးဆိုရင် ဘာလို့အဲ့ဒီလိုလုပ်တာလဲ? ။

လီကျားရီက ရေချိုးခန်းထဲမှာ နှစ်နာရီအကြာအချိန်ဖြုန်းလိုက်ရတယ် ။ အပြင်ပြန်ထွက်လာတော့ သူ့ကိုပြုံးပြုံးကြီး စိုက်ကြည့်နေတဲ့ ကျန်းရှောင်ဖန်ကိုတွေ့လိုက်ရတဲ့အတွက် ခြေထောက်တွေယိုင်ကုန်တယ် ။ သူ့အခန်းထဲကို ဘာဝင်လုပ်နေတာလဲ ? ။ မ... မဟုတ်မှ သူလုပ်နေတာတွေကိုတော့ ကြားမသွားပါဘူးနော် ။

The Story Of Phoenix KingWhere stories live. Discover now