''34''

8K 921 57
                                    

လျိုအန်းရဲ့နှုတ်ခမ်းထောင့်စွန်းလေးက တစ်ဖက်လူရဲ့စကားကို နားထောင်ပြီးတဲ့နောက်မှာတော့ အပေါ်ကိုကွေးတက်သွားတယ် ။ မထင်မှတ်ထားတဲ့အရာပဲ ။ ဆရာဦးလေးကို သူ့အပိုင်ဖြစ်လာစေရမယ်တဲ့လား? ။ ဒါပေမဲ့ဘာလို့လဲ? သူကြားထားတဲ့သတင်းတွေအရဆိုရင် ဂိုဏ်းခေါင်းဆောင်က သူရဲ့တစ်ဦးတည်းသောညီလေးကို တုန်နေအောင်ချစ်တယ်မဟုတ်ဘူးလား? ။ ဘာလို့သူ့ကို ဒီလိုမျိုးကမ်းလှမ်းရတာလဲ? ။

" ဘာလို့လဲ? ကျွန်တော်က ခင်များညီကိုတပ်မက်နေတာကို ခင်များက ဘာလို့ကြည်ဖြူနေရတာလဲ ? အဟက်! ခင်များက တစ်ချိန်လုံးဟန်ဆောင်နေတာပဲ ။ အပြင်ပန်းမှာတော့ ညီဖြစ်သူကိုဂရုစိုက်သလိုနဲ့ တကယ်တော့ခင်များက အကြံသမားဖြစ်နေတာကို "

" မင်းက ငါ့ညီကိုလိုချင်တယ် ငါက မင်းဆရာကိုလိုချင်တယ် ။ ငါတို့ကအတူတူပဲလေ ။ တကယ်လို့မင်းသဘောမတူဘူးဆိုရင် ငါလည်း ငါ့နည်းလမ်းအတိုင်းလုပ်ရုံပဲပေါ့ ''

" သူ့ကိုထိဖို့မကြိုးစားနဲ့! "

" ဒီအတွက်တော့စိတ်မပူပါနဲ့ ဝူချင်းက ငါ့ညီလေ ။ ငါက ဘာလို့ထိခိုက်အောင်လုပ်ရမှာလဲ? ။ ပြီးတော့ ငါတို့ဘာမှမလှုပ်ရှားဘူးဆိုရင် သူတို့တွေကအတူရှိသွားနိုင်တယ် ။ မင်းဒါကိုမလိုချင်ဘူးမလား? "

ရီအန်းယာက သူ့ရှေ့ကကောင်လေးကို လှောင်ပြောင်လိုက်တယ် ။ ကျူဖုန်းမင်က ရီဝူချင်းကိုချစ်မိသွားလို့မဖြစ်ဘူး ။ ဒီတော့လျိုအန်းကို ကစားပွဲထဲဖိတ်ခေါ်ရတော့မှာပေါ့ ။ လျိုအန်းကသေချာပေါက် ရီဝူချင်းကိုလက်လွှတ်မှာမဟုတ်ဘူး ။ ရီဝူချင်းကတော့ ဘယ်သူကိုပဲခံစားချက်ရှိရှိ အဲ့တာကသူနဲ့မဆိုင်ဘူး ။ ကျူဖုန်းမင်ကသာ ရီဝူချင်းထံကျရှူံးမသွားရင်အဆင်ပြေပြီ ။ သူရဲ့အရုပ်အသစ်လေးက တခြားတစ်ယောက်ကိုချစ်မိသွားတာမျိုး လုံးဝမလိုချင်ဘူး ။

လျိုအန်းကအံကိုကြိတ်ကာ သူရဲ့ဆရာကိုပြုံးပြနေတဲ့ ဆရာဦးလေးကိုငေးကြည့်နေမိတယ် ။ ဒီလူကိုပိုင်ဆိုရင်ရဖို့ သူဘာမဆိုလုပ်နိုင်တယ် ။ ကျွန်တော်တောင်းပန်ပါတယ် ဆရာဦးလေး ။ အခုအချိန်ကစပြီး ကျွန်တော်ရဲ့ပုံစံအမှန်ကို ဖုံးကွယ်ထားဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး ။ ဆရာဦးလေးက ကျွန်တော့်အတွက်ပဲဖြစ်ရမယ် ။

The Story Of Phoenix KingWhere stories live. Discover now