''98''

1.8K 269 3
                                    

" မထိနဲ့ ကျွန်တော်ကိုမထိနဲ့ အား!! မော့ကျိုးရန် လွှတ်! လွှတ်လို့ပြောနေတယ် လူယုတ်မာ ငါကိုလွှတ်လို့!! "

လီရှင်းယီဟာ သူကို အပေါ်ကနေအုပ်မိုးကာ နမ်းဖို့ကြိုးစားလာတဲ့ မော့ကျိုးရန်ကြောင့် ထိတ်လန့်တကြား အော်ဟစ်လို့နေတယ် ။ ဒါပေမဲ့ မော့ကျိုးရန်ဆိုတဲ့လူကတော့ သူရဲ့အော်ဟစ်သံတွေကို တစ်စက်ကလေးမှ ဂရုမစိုက်ခဲ့ဘူး ။ သူရဲ့​မေးစေ့ကို တင်းကြပ်စွာဆုပ်ကိုင်ကာ စူးစူးရဲရဲစိုက်ကြည့်​ရင်း မေးလာတယ် ။

" မင်းနဲ့ ပိုင်ယွီချန်က ဘာတွေလဲ? သူက မင်းကို ဘာလို့ဂရုစိုက်နေရတာလဲ? "

" မဟုတ်ဘူး! ပိုင်ကောနဲ့ ငါက ဘာမှမပတ်သတ်ဘူး ပိုင်ကောက ငါ့ကို ဂျူနီယာတစ်ယောက်အဖြစ်ပဲ သတ်မှတ်ထားခဲ့တာ ''

" ဂျူနီယာ? အဟက်! မင်းက ငါ့ကို လှည့်စားဖို့ကြိုးစားနေတာပဲ ပိုင်ယွီချန်လိုလူမျိုးက သူရဲ့ဂျူနီယာတွေကို ဘယ်တုန်းက အဲ့လောက်အထိ ကာကွယ်ပေးတက်လို့လဲ ''

"............''

" သူက မင်းအတွက် အများကြီးလုပ်ပေးခဲ့တယ် အထူးသဖြင့် မင်းကို သေမတက်လိုချင်နေတဲ့ မင်းရဲ့ကုသရေးစွမ်းအားတွေကို မျက်စိကျနေတဲ့ လူတစ်စုစီကပေါ့ ပြီးတော့ ငါ့ကိုလည်း မင်းကိုမထိဖို့ အထပ်ထပ်အခါခါ သတိပေးခဲ့တယ် ''

".............''

" လီရှင်းယီ မင်းပြောကြည့် ငါ မင်းရဲ့စကားကို ယုံကြည်မယ်ထင်နေလား? "

" ပိုင်... ပိုင်ကော ငါ့ကိုမကြိုက်ဘူး သူ... သူက... ''

လီရှင်းယီဟာ ဘာပြန်ပြောရမှန်းမသိ ဖြစ်လို့နေတယ် ။ ပိုင်ကောက သူ့အပေါ်မှာ ခံစားချက်မရှိတာသေချာတယ် ။ တစ်ခြားလူတွေထက် သူ့ကို ပိုပြီးဂရုစိုက်တယ်ဆိုပေမဲ့ အဲ့တာက သဘောကျနေလို့မဟုတ်ဘူး ။

" ဒါပေါ့ သူက မင်းကို သဘောကျမှာမဟုတ်ဘူး ဘာဖြစ်လို့လဲဆိုရင် သူသဘောကျတဲ့လူက သပ်သပ်ရှိနေလို့လေ ဒါပေမဲ့ ငါသိချင်နေတာက သူက မင်းကို ဘာအတွက် အသည်းအသန် ကာကွယ်နေရတာလဲ ''

" ............ ''

" အခုတောင်မှ မင်းကိုကယ်ဖို့အတွက် ငါ့စီကိုလာနေပြီလေ ''

The Story Of Phoenix KingWhere stories live. Discover now