''103''

2.5K 340 9
                                    

ဝမ်ရီပေါ်က နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရှောင်ကျန့်ကို မျက်တောင်မခတ် ငေးကြည့်နေမိတယ် ။ ရှောင်ကျန့်က အခုဆိုရင် ကလေးတစ်ယောက်ဖြစ်သွားတဲ့အပြင် စွမ်းအားတွေပါ ပျောက်ကွယ်သွားတာမို့ သူ့ကိုယ့်သူ ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး ။ အဲ့တာကြောင့် မှော်ပညာတွေကြီးစိုးနေတဲ့ ဒီကမ္ဘာကြီးက လက်ရှိရှောင်ကျန့်အတွက် သိပ်ကိုအန္တရာယ်များလွန်းတယ် ။ အထူးသဖြင့် ကောင်းကင်တမန်တော်တွေ ။ အဲ့ဒီကောင်းကင်တမန်တော်တွေက ရှောင်ကျန့်ရဲ့နှလုံးသားကို ထုတ်ယူချင်နေတာ ။

ဒီကမ္ဘာရဲ့ဇာတ်လိုက် ကုန်(gong)ဖြစ်တဲ့ ချင်းကျိုးရီက အလင်းနတ်ဘုရားရဲ့ဆက်ခံသူဖြစ်ပြီး အလင်းနတ်ဘုရားကတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်တယ် ။ အဲ့တာကြောင့် ချင်းကျိုးရီက လက်ရှိမှာတော့ ကောင်းကင်ဘုံကို အလင်းနတ်ဘုရားကိုယ်စား တာဝန်ယူအုပ်ချုပ်နေတယ် ။ အလင်းနတ်ဘုရား ပျောက်ဆုံးနေကြောင်းကို သိသွားကြတဲ့ အမှောင်နတ်ဆိုးတွေကလည်း လူသားတိုင်းပြည်တွေကို စတင်ကျူးကျော်လာကြတော့တယ် ။

လူသားတွေဟာ အမှောင်နတ်ဆိုးတွေကို ယှဉ်မတိုက်နိုင်တာကြောင့် ပျောက်ကွယ်လုနီးနီး ဖြစ်လာတဲ့အချိန်မှာတော့ ချင်းကျိုးရီက လူသားတွေကို ကာကွယ်ဖို့အတွက် လူသားတွေရဲ့နယ်မြေထဲ သူကိုယ်တိုင် ဆင်းသက်လာခဲ့တယ် ။ အဲ့ဒီနောက် နတ်ဆိုးတွေကို ပြန်တိုက်နိုင်ဖို့အတွက် လူသားတွေရဲ့ကိုယ်ထဲ မှော်စွမ်းအားတွေ ထည့်ပေးခဲ့တယ် ။ လူသားတွေဟာ အဲ့ဒီမှော်စွမ်းကြောင့် နတ်ဆိုးတွေကို တဖြည်းဖြည်းနဲ့ ရင်ဆိုင်နိုင်လာတယ် ။ ဒါပေမဲ့ နတ်ဆိုးခေါင်းဆောင်တွေကိုတော့ အနိုင်မယူနိုင်ခဲ့ဘူး ။

အဲ့တာကြောင့် ချင်းကျိုးရီက လူသားတွေထဲက ပိုပြီးစွမ်းအားကြီးတဲ့ လူသားတွေကို ကောင်းကင်တမန်တော်အဖြစ် ရွေးချယ်ခဲ့တယ် ။ ရွေးချယ်ခံလိုက်ရတဲ့ လူသားတွေဟာ ကောင်းကင်ဘုံနဲ လူသားနယ်မြေကို ကူးလူးသွားလာနိုင်ကြပြီး သူတို့ရဲ့အသက်တွေကလည်း သောင်းဂဏန်းအထိ ရှည်လျားလာတယ် ။ လူသားတွေဟာ သူတို့ကို အမှောင်နတ်ဆိုးတွေလက်ထဲက ကယ်တင်ပေးခဲ့တဲ့ ချင်းကျိုးရီကို အလွန်ကျေးဇူးတာကြောင့် ရုပ်ထုထုပြီးကိုးကွယ်ခဲ့တယ် ။

The Story Of Phoenix KingWhere stories live. Discover now