ချင်းလီလီက ဖခင်ဖြစ်သူချင်းလီရွမ်အတွက် လွန်စွာစိုးရိမ်ပူပန်နေတယ် ။ အစတုန်းကတော့ စာထဲကအကြောင်းတွေကို ယုံကြည်မှုသိပ်မရှိခဲ့ဘူး ။ အတွေးလွန်နေတာပါဆိုပြီး သူမကိုယ်သူမ နားချခဲ့တယ် ။ ဒါပေမဲ့ သူမကို သတိထားစောင့်ကြည့်နေတဲ့ လူတစ်ချို့ကို သတိပြုမိသွားတဲ့အခါမှာတော့ ဆက်ပြီးငြိမ်မနေနိုင်တော့ဘူး ။ မူကျားယွမ်က သူမရဲ့အဖေကို တကယ်ကြီးသစ္စာဖောက်သွားခဲ့တာဖြစ်တယ် ။ အဲ့ဒီအတွက် သူမ အရမ်းပဲရှော့ရခဲ့တယ် ။
မူကျားယွမ်က သူမတို့သားအဖေအပေါ် ဘာလို့များ ဒီလောက်အထိ ရက်စက်နိုင်ရတာလဲ ။ သူမအဖေရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်သွားရုံနဲ့ မလုံလောက်သေးဘူးလား ။ လူကိုပါ ဖမ်းချုပ်ထားမှ ဖြစ်မှာလား ။ ချင်းလီလီက မူကျားယွမ်ကို သတ်ပစ်ချင်လောက်အောင် ဒေါသထွက်ခဲ့တယ် ။ ဒါပေမဲ့သူမ ဘာမှမလုပ်နိုင်ခဲ့ဘူး ။ Cနိုင်ငံမှာရှိနေတဲ့ မူကျားယွမ်ကို သူမ မယှဉ်နိုင်ဘူး ။ အဲ့ဒီမျက်ဖြူဝံပုလွေကောင်က အရာအားလုံးကို ထိန်းချုပ်ထားခဲ့တယ်လေ ။
သူမရဲ့လက်ရှိအင်အားနဲ့ မူကျားယွမ်ကို သွားစိန်ခေါ်တာက ကျောက်တုံးကို ကြက်ဥနဲ့ပစ်ပေါက်နေသလိုပဲ ဖြစ်နေလိမ့်မယ် ။ သူမအဖေရဲ့လူယုံတွေကလည်း အခုဆိုရင် မူကျားယွမ်ရဲ့လက်ချက်နဲ့ အကုန်တစ်ကွဲတစ်ပြားဖြစ်ကုန်ပြီ ။ ချင်းလီလီက သူမကိုယ်သူမ အရမ်းစိတ်ပျက်ခဲ့တယ် ။ သူမ ပညာတော်သင်မသွားခဲ့သင့်ဘူး ။ သူမအဖေရဲ့အနားမှာပဲ နေခဲ့သင့်တာ ။ အဲ့ဒီလိုဆိုရင် မူကျားယွမ်လည်း ဘာမှတက်နိုင်တော့မှာ မဟုတ်ဘူး ။
စိတ်ဓာတ်ကျ ဒေါသထွက်နေတုန်းမှာပဲ တစ်စုံတစ်ယောက်က သူမကို ဆက်သွယ်လာတယ် ။ အဲ့ဒီလူက သူမကို စာပို့လိုက်တဲ့လူဖြစ်ကာ သူမအဖေနဲ့ မူကျားယွမ်ရဲ့အကြောင်းတွေကိုလည်း သိနေခဲ့တယ် ။ သူက သူမနဲ့ပူပေါင်းပြီး မူကျားယွမ်ကို ရှင်းပစ်ချင်ကြောင်း ပြောလာတယ် ။ သူမက အဲ့ဒီလူနဲ့ မပူပေါင်းချင်ပေမဲ့ ရွေးချယ်စရာလည်း ရှိမနေခဲ့ဘူး ။ အဲ့တာကြောင့် မျက်စိစုံမှိတ်ကာ ပူပေါင်းဖို့လက်ခံခဲ့တယ် ။
အဲ့ဒီလူရဲ့အကူအညီနဲ့ Cနိုင်ငံကိုပြန်လာခဲ့ပြီး ချင်းအိမ်တော်ကို တိတ်တစိတ်စောင့်ကြည့်ခဲ့တယ် ။ သူမကြိုတွေးထားခဲ့သလိုပဲ ချင်းအိမ်တော်ရဲ့အလုပ်သမားတွေက အသစ်တွေဖြစ်နေခဲ့ပြီ ။ အရင်အိမ်တော်ထိန်းကြီးကလည်း ရှိမနေတော့ဘူး ။ ချင်းလီလီက အရမ်းကိုနောင်တရခဲ့တယ် ။ သူမ မူကျားယွမ်နဲ့ သူငယ်ချင်းမလုပ်ခဲ့သင့်ဘူး ။ အဲ့ဒီလိုဆိုရင် အခုလိုတွေဖြစ်လာမှာ မဟုတ်တော့ဘူး ။ အရာအားလုံးက သူမရဲ့အပြစ်တွေချည်းပဲ ။
VOCÊ ESTÁ LENDO
The Story Of Phoenix King
FanficStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]