''38''

5.1K 750 28
                                    

ရှောင်ကျန့်ရဲ့စွဲမက်ဖွယ်ကောင်းတဲ့ မျက်ဝန်းလေးတစ်စုံက ယခုအချိန်မှာတော့ ကျေနပ်မှုတွေကြောင့် လခြမ်းလေးလိုကွေးကွေးလေးဖြစ်နေတယ် ။ လျိုအန်းရဲ့သူ့အပေါ်ထားတဲ့စိတ်ကို သိပြီးသားဖြစ်နေပေမဲ့ မိန်းမပျိုလေးလိုမျိုးရှက်ရမ်းရမ်းနေတာမျိုးကိုတော့ အခုမှမြင်ဖူးခြင်းဖြစ်တယ် ။ အထဲမှာတစ်ယောက်တည်း ကူကယ်ရာမဲ့ဖြစ်နေမဲ့ လျိုအန်းရဲ့ပုံစံလေးကိုမြင်ယောင်ကြည့်မိတော့ မပြုံးပဲမနေနိုင် ။ အရမ်းချစ်ဖို့ကောင်းတာပဲ ။

" ရီပေါ် မင်းကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ။ ကိုယ် မင်းရဲ့ကျန်နေသေးတဲ့ ဝိညာဉ်အစိတ်အပိုင်းတွေကို အရမ်းတွေ့ချင်လာပြီ ။ သူတို့တွေက ဘယ်လိုပုံစံတွေဖြစ်နေကြမလဲ? ။ အခုလိုပဲ အသည်းယာစရာဖြစ်နေမလား? "

ရှောင်ကျန့်က သူ့ကိုစိတ်အားထက်သန်စွာငေးကြည့်နေတဲ့ ဝမ်ရီပေါ်ကိုမေးလိုက်တော့ ဝမ်ရီပေါ်က သူရဲ့လက်ချောင်းထိပ်လေးတွေကိုနမ်းရှိုက်ရင်း နူးညံ့စွာဆိုလာတယ် ။

" မသိဘူး ''

" ရတယ် မသိလည်းကိစ္စမရှိဘူး ။ ဒါတွေကအချိန်တန်ရင် ကိုယ်သိလာမဲ့အရာတွေပဲ မဟုတ်လား ? "

" သူတို့အကြောင်းမတွေးနဲ့ ကျွန်တော့်အကြောင်းကိုပဲတွေး ''

ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့စကားကို ခဏလောက်တော့နားမလည်နိုင်ဖြစ်သွားတယ် ။ အားရာ! ဝမ်ရီပေါ်က ထပ်ပြီးတော့သဝန်တိုနေပြန်ပြီ ။

" သဝန်တိုနေပြန်ပြီပဲ ''

" အွင်း သဝန်တိုတယ် ။ ကျွန်တော်က အများကြီးသဝန်တိုတယ် ။ အဲ့တာကြောင့်မို့ တခြားလူတွေအကြောင်းကိုမတွေးနဲ့ ။ ကျွန်တော်ရဲ့အကြောင်းကိုပဲတွေး ''

" ဒါပေမဲ့သူတို့တွေကလည်း မင်းပဲလေ ။ ဝမ်ရီပေါ်ဆိုတဲ့မင်းဖြစ်နေလို့ သူတို့တွေက ကိုယ်အာရုံစိုက်တာကိုခံရတာ ။ မင်းမဟုတ်ဘူးဆိုရင် ကိုယ်က သူတို့ကိုဘာလို့အာရုံစိုက်ရမှလဲ? ။ ကိုယ်အတွက်ကတော့ အဲ့ဒီလူက မင်းဆိုတာနဲ့တင် သဘောကျနေပြီးသားပဲ ။ ''

ဝမ်ရီပေါ်က ဘာပြန်ပြောရမလဲမသိဖြစ်သွားတယ် ။ ရှောင်ကျန့်ပြောတာတွေကလည်း အမှန်တွေဖြစ်နေတာမို့ မလွန်ဆန်နိုင်ဘူး ။ ပြီးတော့သူဘာပြောပြော ရှောင်ကျန့်ကနားထောင်မှာ မဟုတ်တာကိုသိနေတာမို့ သူကိုယ်သူပဲပြန်နှစ်သိမ့်လိုက်တယ် ။ ဘယ်သူကများ သူ့ဝိညာဉ်ကို ဒီအခြေအနေမျိုးဖြစ်အောင် ဖန်တီးလိုက်ပါလိမ့် ။ သိလို့ကတော့ အဲ့ဒီလူကိုလုံးဝအလွတ်မပေးဘူး ။ ရှောင်ကျန်ရဲ့နှစ်သက်မှုကို အချင်းချင်းပြန်လုနေရတယ် ။ အရမ်းစိတ်ညစ်ဖို့ကောင်းတာပဲ ။

The Story Of Phoenix KingWo Geschichten leben. Entdecke jetzt