''5''

9.9K 1.3K 13
                                    

ကုချင်းယီဟာ လင်းရှိုးယာရဲ့နောက်ကျောကို မျက်တောင်မခတ်ငေးကြည့်နေတဲ့ မင်းသားကိုးဝေ့ရီချန်ကြောင့် နှုတ်ခမ်းတွေကို ပြတ်လုနီးနီးကိုက်ထားမိတယ် ။ လင်းရှိုးယာက သူ့အတွက်ဆိုးကျိုးပဲ ။ အဲ့ဒီလူက သူ့ကို အတိတ်ဘဝမှာ ဘာမှမလုပ်ခဲ့တာကြောင့် လွှတ်ပေးဖို့ဆုံးဖြတ်ခဲ့တယ် ။ ဒါပေမဲ့ကြည့်ရတာတော့ ဒီအတိုင်းလွှတ်ပေးထားလို့ မဖြစ်တော့ဘူးပဲ ။ အမြန်ဆုံး ရှင်းထုတ်ပစ်ရမယ် ။

" ရီချန် ငါ့ရဲ့အမြင်တော့ အိမ်ရှေ့စံမင်းသားက လင်းရှိုးယာကို သေချာပေါက်သဘောကျနေတာပဲ ။ မင်းရောဘယ်လိုထင်လဲ ။ လင်းရှိုးယာဘက်ကလည်း ပြန်သဘောကျမယ်ထင်လား ။ သူတို့က အတူတူတောင်ဈေးဝယ်တဲ့အထိ ရင်းနီးနေကြပြီ ။ သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်တာပဲ  ''

" ........... ''

ဝေ့ရီချန်ဟာ ကုချင်းယီရဲ့စကား​တွေကြောင့် သတ်ဖြတ်ချင်စိတ်တွေ ကြီးစိုးလာတယ် ။ ဒါပေမဲ့ သူက အဲ့ဒီအရာကို ဘယ်သူမှမရိပ်မိခင်မှာပဲ ချက်ခြင်းပြန်ထိန်းသိမ်းနိုင်ခဲ့တယ် ။ သူရဲ့မျက်နှာမှာ ဘာအမူအရာမှပေါ်မလာခဲ့ပေမဲ့ ရင်ထဲမှာတော့ ကမ္ဘာပျက်နေပြီ ။ လင်းရှိုးယာကို ဝေ့မင်းရန်နဲ့ အတူတွဲမြင်လိုက်ရရုံနဲ့တင် သူ့ရဲ့နှလုံးသားတစ်ခုလုံးက ရစရာမရှိအောင်နာကျင်လာတယ် ။ သူက အဲ့ဒီနှစ်ယောက်အတူရှိသွားမှာကို ဒီအတိုင်းရပ်ကြည့်နေမှာမဟုတ်ဘူး ။

" နောက်ရက်တွေကစပြီး အရေးကြီးတဲ့ကိစ္စမရှိရင် ငါ့စီမလာခဲ့နဲ့တော့ ''

" ဘာလို့လဲ? ငါက ဘာလို့ မင်းစီလာလို့မရတော့တာလဲ? "

ကုချင်းယီက ဝေ့ရီချန်ရဲ့စကားကြောင့် ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပျက်ယွင်းသွားတော့တယ် ။ ဝေ့ရီချန်က သူ့ကိုနှင်ထုတ်မယ်ဆိုတာကို လုံးဝမယုံကြည်နိုင်ဘူး ။

" ငါတို့က ရင်းနှီးလို့လား? "

"............''

" ကုချင်းယီ မင်းကိုဘာအတွက် ငါရဲ့အနားမှာ ခေါ်ထားတာလဲဆိုတာကို မမေ့လိုက်နဲ့ ။ ငါတို့နှစ်ယောက်ကြားမှာ ဘာပတ်သတ်မှုမှမရှိဘူး ''

"...........''

" လူတော်တော်များများက မင်းနဲ့ငါ့ကို အထင်လွဲနေကြတယ် ။ ငါ ထပ်ပြီးတော့ အဲ့ဒီလိုအဖြစ်ခံတော့မှာ မဟုတ်ဘူး ။ ဒီလောက်ဆိုရင် မင်းသဘောပေါက်လိမ့်မယ်လို့ ငါထင်တယ် ။ မင်းက ဉာဏ်ကောင်းပြီးသာပါ  ''

The Story Of Phoenix KingWhere stories live. Discover now