''78''

3.5K 523 14
                                    

ချင်းလီရွမ်ရဲ့သစ္စာခံတွေက ချင်းလီရွမ်ကို မူကျားယွမ်ရဲ့လက်ထဲက ကယ်တင်ဖို့ကြိုးစားခဲ့တယ် ။ ဒါပေမဲ့မူကျားယွမ်က သူတို့မထင်မှတ်ထားလောက်အောင် ပိုပြီးညဏ်ကောင်းနေခဲ့တယ် ။ သူက သူတို့ရဲ့လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး နည်းနည်းလေးမှ အခွင့်အရေးမပေး​ချေ ။ ဒါကြောင့်သူတို့တွေက နိုင်ငံခြားမှာရှိနေတဲ့ ချင်းလီလီကို ဆက်သွယ်ဖို့ကြိုးစားတော့တယ် ။

ဒီကြောင်းကိုသိသွားတဲ့ မူကျားယွမ်ဟာ သူရဲ့သစ္စာတော်ခံတွေကို ချင်းလီလီရဲ့အနီးအနားမှာ တိတ်တစိတ်စေလွှတ်ထားခဲ့တယ် ။ အဲ့တာကြောင့်ချင်းလီလီက သူမအဖေရဲ့လူတွေနဲ့ ဘယ်တော့မှမတွေ့ဆုံခဲ့ရဘူး ။ သူမက သူမရဲ့အဖေကို ကောင်းကောင်းနေနေရတယ်လို့ပဲ ထင်နေခဲ့တာ ။ မူကျားယွမ်က သူမနဲ့ သူမရဲ့အဖေကို သစ္စာဖောက်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး ။

မူကျားယွမ်က ငယ်ငယ်လေးတည်းက သူမအဖေရဲ့စကားတွေဆို တစ်ခွန်းမကျန်နားထောင်ခဲ့တဲ့လူ ။ သူမက ဘယ်လိုလုပ် သံသယဝင်မှာလဲ ။ ပြီးတော့ သူမတို့နှစ်ယောက်က အတူတူကြီးပြင်းလာခဲ့တဲ့လူတွေလေ ။ ဒါကြောင့် ချင်းလီလီက မူကျားယွမ်ကို
လုံးဝသံသယမဝင်ခဲ့တာ ဖြစ်တယ် ။ မူကျားယွမ်ကလည်း အဲ့တာကို ကောင်းကောင်းသိနေခဲ့တာမို့ စိုးရိမ်ပူပန်ခြင်းသိပ်မရှိချေ ။

" မူကျားယွမ် မင်း ငါ့ကို ဘယ်အချိန်အထိ ပိတ်လှောင်ထားမှာလဲ ''

"..........''

" ငါ မင်းကိုမေးနေတယ်လေ ငါ့ကို ဘယ်အချိန်အထိ ပိတ်လှောင်ထားမှာလဲလို့!! "

ချင်းလီရွမ်က ဒေါသတကြီးအော်ဟစ်လိုက်ပေမဲ့ မူကျားယွမ်ကတော့ ဆွံအနားမကြားတဲ့လူတစ်ယောက်အလား ငြိမ်သက်နေခဲ့တယ် ။

" ငါ့ကို အကျဉ်းသားတစ်ယောက်လို လာမဆက်ဆံနဲ့ ငါက မင်းရဲ့အကျဉ်းသားမဟုတ်ဘူး ''

"...........''

" မူကျားယွမ် ငါပြောနေတာကြားလား ငါ့ကိုလွှတ်ပေး ငါ့ကိုလွှတ်ပေးလို့!! "

ချင်းလီရွမ်က အနားမှာရှိတဲ့ပစ္စည်းတွေကို မုကျားယွမ်ရဲ့မျက်နှာတည့်တည့် ပစ်ပေါက်လိုက်တယ် ။

The Story Of Phoenix KingTempat cerita menjadi hidup. Temukan sekarang