တစ်ပတ်ရှိပြီ!! ကျန်းရှောင်ဖန် သူ့ကိုစကားမပြောပဲလျစ်လျူရှုနေတာ ဒီနေ့နဲ့ဆိုတစ်ပတ်ပြည့်သွားပြီ ။ အဲ့ဒီနေ့က သူ့စိတ်တွေကလွှတ်ထွက်သွားပြီး ကျန်းရှောင်ဖန်ကို သတိလစ်သွားတဲ့အထိ လုပ်ခဲ့မိသွားတယ် ။ မနက်ရောက်တော့ ကျန်းရှောင်ဖန်က သူ့ကိုလုံးဝစကားမပြောတော့ ။ သူဘာပြောပြော မကြားချင်ယောင်သာဆောင်နေတယ် ။ လီကျားရီက သူ့ကိုယ်သူသေလောက်အောင် စိတ်ပျက်နေတယ် ။
သူ... သူဘယ်လိုလုပ်ပြီး စိတ်လွှတ်သွားရတာလဲ? ။ သူ့ကိုဆက်မလုပ်တော့ဖို့ တောင်းပန်နေတဲ့စကားသံတွေကို ဘာလို့ဂရုမစိုက်ခဲ့ရတာလဲ? ။ ကျန်းရှောင်ဖန်တော့ သူ့ကိုမုန်းနေတော့မှာပဲ ။ အခုဆိုရင်မီဒီယာတွေမှာ သူနဲ့ကျန်းရှောင်ဖန်ရဲ့သတင်းတွေကြီးပဲ ။ သူ့မိခင်က သူ့ကိုဆက်သွယ်လာပေမဲ့ သူက အဲ့ဒီအရာကိုဖြတ်တောက်ခဲ့တယ် ။
ဒီအချိန်လောက်ဆိုရင် သူ့အဖေလည်း သူ့လက်ချက်ဆိုတာ သိလောက်ရောပေါ့ ။ သူ့အဖေက သူတို့ညီအကိုနှစ်ယောက်ကို ခွင့်ပြုပေးမှာမဟုတ်ဘူး ။ သူတို့ကို အတင်းအကြပ်ခွဲပစ်လိမ့်မယ် ။ သူ ဒါကိုလက်မခံနိုင်ဘူး ။ သူ့အတွက် ကျန်းရှောင်ဖန်ပဲရှိနေရင်ရပြီ ။ ကျန်တာမလိုအပ်ဘူး ။ သူ့မိဘတွေကိုတော့ တောင်းပန်ရုံပဲတက်နိုင်တယ် ။
" ကိုကို ''
ရှောင်ကျန့်က လီကျားရီရဲ့ညှိုးနွမ်းနေတဲ့မျက်နှာလေးကြောင့် ဆက်ပြီးတော့လျစ်လျူမရှုရက်တော့ ။
" ဘာလဲ? "
" ကျွန်... ကျွန်တော်တောင်းပန်ပါတယ် ။ ကျွန်တော်မှားသွားပါတယ် ။ ကျွန်တော့်ကိုမမုန်းပါနဲ့နော် ။ ကျွန်တော် ကိုကို့ကိုအရမ်းချစ်လို့ပါ ။ ကိုကို့ကို ဆုံးရှုံးရမှာကြောက်လို့ လုပ်မိသွားတာပါ ။ ''
" ဗိုက်ဆာတယ် ''
" ဗျာ ? "
" ကိုယ်ဗိုက်ဆာတယ် ။ ကိုယ့်အတွက် တစ်ခုခုသွားချက်ပေး ။ မင်းကိုယ်တိုင်ချက်တာပဲ ကိုယ်လိုချင်တယ် ။ ''
" အင်း အင်း ။ ကျွန်တော်ကိုယ်တိုင်ချက်ပေးမယ်နော် ။ ''
" ပြီးတော့... ''
VOCÊ ESTÁ LENDO
The Story Of Phoenix King
FanficStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]