''106''

2.5K 332 7
                                    

ရှဲကျင်းဝမ်က သူ့ရဲ့ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ကလေးငယ်လေးကို မြတ်နိုးမှုတွေပြည့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်နေခဲ့တယ် ။ နောက်ဆုံးမှာတော့ သူရဲ့အိမ်မက်တွေထဲက လူကို ရှာတွေ့ခဲ့ပြီ ။ ကလေးတစ်ယောက်ဆိုရင်တောင်မှ လက်လွှတ်မပေးနိုင်တော့ဘူး ။ ဒီလူသားလေးက သူ့အပိုင် ။ ဒီလူသားရဲ့ခန္ဓာကိုယ် ဒီလူသားလေးရဲ့နှလုံးသား ဒီလူသားလေးရဲ့ဝိညာဉ် ဒီလူသား​လေးရဲ့အရာအားလုံးက ရှဲကျင်းဝမ်ဆိုတဲ့ သူရဲ့အပိုင်တွေချည်းပဲ ။

" ရှောင်ယွမ် ကလေးလေး ကိုယ် မင်း​လေးကို ထပ်ပြီးထွက်ပြေးခွင့်မပေးတော့ဘူး ကိုယ်ရဲ့အနားမှာပဲ ထာဝရချည်နှောင်ထားမယ် ''

ရှဲကျင်းဝမ်က ကလေးလေးရှောင်ယွမ်ရဲ့ ပန်းရောင်သန်းနေတဲ့ ပါးပြင်လေးကို သူရဲ့လက်ချောင်းတွေနဲ့ ညှင်သာစွာထိတွေ့ကာ ဆိုလာတယ် ။ အဲ့ဒီနောက် တစ်စုံတစ်ခုကို မှတ်မိသွားတဲ့အလား မကျေနပ်မှုတွေက မျက်လုံးထဲ ဖြတ်ပြေးသွားတယ် ။ သူရဲ့ကလေးလေးက အအေးနန်းဆောင်လိုမျိုး အထီးကျန်အေးစက်တဲ့နေရာမှာ ငါးနှစ်တောင်နေခဲ့ရတယ် ။ သတ်ပစ်ရမယ် ဟုတ်တယ်! သူရဲ့ကလေးလေးကို နာကျင်စေတဲ့လူတိုင်း တစ်ယောက်မကျန် သတ်ပစ်ရမယ် ။

" ရှဲကျင်းဝမ်!! "

လီမုဖန်တစ်ယောက် ရှဲကျင်းဝမ်စီ ရောက်ရောက်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အသက်ရှူရပ်မတက် ထိတ်လန့်သွားခဲ့တယ် ။ ရှဲကျင်းဝမ်က ထပ်ပြီး စိတ်လွှတ်သွားတော့မယ် ။ ဒါပေမဲ့ အဲ့တာက အဓိကပြသာနာမဟုတ်ဘူး ။ အဓိကပြသာနာက ရှောင်ယွမ်က ရှဲကျင်းဝမ်ရဲ့လက်ထဲမှာ ရှိနေတုန်းပဲ ။ အဲ့တာကြောင့် ရှဲကျင်းဝမ်သာ စိတ်လွှတ်သွားရင် အများဆုံးထိခိုက်ရမဲ့လူက ရှောင်ယွမ်ဖြစ်တယ် ။

" ငါ သူ့တို့ကိုသတ်ချင်တယ် သူတို့အားလုံးကို သတ်ပစ်ချင်တယ် ချင်းကျိုးရီ ဟုတ်တယ်! သူ့ကို သတ်ရမယ် သူ့ကိုသတ်မှဖြစ်မယ် ''

" ကျင်းဝမ် စိတ်ကိုအေးအေးထား.... ရှောင်ယွမ် ရှောင်ယွမ်ကို မထိခိုက်စေနဲ့ ဟုတ်ပြီလား ''

ရှဲကျင်းဝမ်ဟာ ရှောင်ယွမ်ဆိုတဲ့အသံကြောင့် အသိစိတ်ပြန်ဝင်လာခဲ့တယ် ။ ရှောင်ယွမ် သူရဲ့ကလေးလေး... သူ့ရဲ့ကလေးလေးက သူရဲ့လက်ထဲမှာ ရှိနေတုန်းပဲ ။  သူ စိတ်လွှတ်သွားလို့ မဖြစ်ဘူး ။ သူရဲ့ကလေးလေးကို နာကျင်စေလို့မဖြစ်ဘူး ။ ရှဲကျင်းဝမ်က သူ့ကိုယ်သူ ကြိုစားထိန်းချုပ်လိုက်တာကြောင့် ပုံမှန်ပြန်ဖြစ်သွားပေမဲ့ ဒေါသတွေကတော့ ကျန်ရှိနေတုန်းပဲ ။ အဲ့တာကြောင့် သူရဲ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် ခက်ထန်နေခဲ့တယ် ။

The Story Of Phoenix KingWhere stories live. Discover now