''58''

4.8K 672 19
                                    

ရှောင်ကျန့်က ဘယ်လောက်ပဲစိတ်ကိုတင်းထားတင်းထား နောက်ဆုံးမှာတော့ အလဲလဲအပြိုပြိုဖြစ်သွားတယ် ။ လီချန်းလျုံက အရမ်းပါးနပ်လွန်းတယ် ။ သူ့ကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းကြီးကိုသိနေတာ ။ သူ့ဘက်က ဘာမှတောင်လှုပ်ရှားခွင့်မရလိုက်ဘူး ။ ရှောင်ကျန့်က ခြင်္သေ့ပါးစပ်ထဲရောက်နေတဲ့ ယုန်ငယ်လေးတစ်ကောင်လိုမျိုး လီချန်းလျုံရဲ့ဆော့ကစားခြင်းကို ခံနေရရှာတယ် ။

" လီချန်းလျုံ အာ့! မင်းဘာတွေလုပ်မလို့လဲ ? "

လီချန်းလျုံက ရှန်းကျားလျန်ရဲ့ခြေကျင်းဝတ်လေးကိုဆုပ်ကိုင်ကာ ပန်းရောင်သန်းနေတဲ့ခြေချောင်းလေးတွေကို အသည်းယားစွာကိုက်ပစ်လိုက်တယ် ။ ရှောင်ကျန့်က မျက်လုံးတွေဝိုင်းစက်သွားပြီး နှုတ်ခမ်းတွေတုန်ရီလာတယ် ။ ပုံမှန်အတိုင်းပဲ သွားလို့မရဘူးလား? ။ ဒီလိုဆန်းဆန်းပြားပြားတွေ လုပ်မှဖြစ်မှာလား? ။

"  ရှန်းကျားလျန် ခင်များက ယောကျာ်းတစ်ယောက်ဆိုပေမဲ့လည်း ကျုပ်ရဲ့မျက်လုံးထဲမှာတော့ အဲ့ဒီချောမောလှပပါတယ်ဆိုတဲ့ မိန်းမတွေထက် အဆပေါင်းများစွာဆွဲဆောင်မှုရှိတယ် ။ ကျုပ်လေ ခင်များကို တကယ်လှောင်ပိတ်ထားချင်တယ် ။ ဒါမှကျုပ်တစ်ယောက်တည်းပဲ ခင်များကိုမြင်နိုင်တော့မှာ ။ ''

လီချန်းလျုံက ရှန်းကျားလျန်ရဲ့ဝိုင်းစက်နေတဲ့ မျက်လုံးလေးကို စိုက်ကြည့်ကာဆိုလိုက်တယ် ။ ဒီလူသားကို ဘယ်သူမှမမြင်အောင် ဖွက်ထားချင်တယ် ။ ဒီလူသားရဲ့တည်ရှိမှုကို သူကလွဲပြီး ဘယ်သူမှမသိစေချင်ဘူး ။ သူအရမ်းများလောဘကြီးသွားသလား? ။

ရှောင်ကျန့်က လီချန်းလျုံရဲ့စကားတွေကို တကယ်သဘောမကျဘူး ။ လီချန်းလျုံရဲ့အချစ်တွေက အရမ်းအစွန်းရောက်နေပြီ ။

" ရှန်းကျားလျန် ခင်များပြောကြည့် ကျုပ် ခင်များကို အဲ့ဒီလိုလုပ်သင့်သလား? ။ တကယ်လို့အဲ့ဒီလိုလုပ်လိုက်ရင် ဘာတွေဖြစ်လာမလဲ ? "

" မင်း ကိုယ့်ကိုဆုံးရှုံးသွားရလိ့မ်မယ် ''

" အဟက်! ခင်များဒီလိုပြောလာမယ်ဆိုတာကို ခန့်မှန်းမိပြီးသားပါ ။ အဲ့တာကြောင့်မို့ ခင်များကိုဘာမှမလုပ်ခဲ့တာပေါ့ ။ ကျုပ်ရဲ့နဂိုစိတ်နဲ့ဆိုရင် ခင်များကို ဘယ်သူမှမမြင်အောင် ဖွက်ထားလိုက်ပြီးပြီ ''

The Story Of Phoenix KingWhere stories live. Discover now