" မင်း... မင်းက ရှောင်ကျန့် ''
မော့ကျိုးရန်ရဲ့အသံတွေက သိသိသာသာကို တုန်ယင်လို့နေတယ် ။ ပိုင်ယွီချန်က ရှောင်ကျန့်ဆိုတာကို အခုအချိန်အထိ မယုံကြည်နိုင်သေးဘူး ။ ဒါပေမဲ့ သူရဲ့မသိစိတ်ကတော့ သူ့ကို အဆက်မပြတ်ပြောပြနေတယ် ။ သူရဲ့မျက်စိအရှေ့မှာရှိနေတဲ့လူ သူသတ်ဖို့ကြိုးစားခဲ့တဲ့လူက သူချစ်ရတဲ့ရှောင်ကျန့်တဲ့ ။ မော့ကျိုးရန်က သူရဲ့လက်တွေကို တုန်လှုပ်စွာကြည့်မိသွားတယ် ။ ဒီလက်တွေ... ဒီလက်တွေနဲ့ ရှောင်ကျန့်ကို ထိခိုက်အောင်လုပ်ခဲ့မိတယ် ။
" ငါဘယ်သူဆိုတာကိုသိသွားပြီဆိုတော့ လီရှင်းယီကို ကာကွယ်နေတဲ့အကြောင်းအရင်းကို နားလည်လောက်ပြီထင်တယ် ''
" ............ ''
" မော့ကျိုးရန် မင်းက ငါကို အတော်လေးအံ့အားသင့်စေခဲ့တယ် သိလား? ငါရဲ့အစစ်အမှန်ပုံစံကိုတောင် အကြောက်အလန့်မရှိ ယူသုံးလိုက်သေးတယ် ''
မော့ကျိုးရန်ဟာ ရှောင်ကျန့်ရဲ့စကားကြောင့် မျက်နှာတစ်ခုလုံး ဖြူလျော့သွားခဲ့တယ် ။ ဝမ်ရီပေါ်ကို ထောင်ချောက်ဆင်ဖို့အတွက် ရှောင်ကျန့်ရဲ့မျက်နှာကို အသုံးပြုခဲ့တယ် ။ အဲ့ဒီနောက် ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖန်တီးကာ စနစ်တကျအကွက်ဆင်ခဲ့တယ် ။ အဟက်! ဝမ်ရီပေါ်က လီရှင်းယီကို မျက်စိထဲမထည့်တာ မထူးဆန်းတော့ပါဘူး ။
ကျိုးလော့ချင်းက ပိုင်ယွီချန်ကို ချစ်မိသွားတာလည်း မထူးဆန်းတော့ဘူး ။ ရှောင်ကျန့်အစစ်က ဒီကမ္ဘာမှာရှိနေမှတော့ အတုအယောင်ဖြစ်တဲ့ လီရှင်းယီက လိုအပ်အုံးမယ်တဲ့လား ။ သူကိုယ်တိုင်တောင်မှ လီရှင်းယီကို ဂရုစိုက်ခဲ့တာမဟုတ်ဘူးလေ ။ ဝမ်ရီပေါ်ရဲ့ဝိညာဉ်ဖြစ်တဲ့ ကျိုးလော့ချင်းက စိတ်ဝင်စားမယ်တဲ့လား? ။ မော့ကျိုးရန်ဟာ ကိုယ့်ကိုလှောင်ပြောင်နေမိတယ် ။
ရှောင်ကျန့်က ဝမ်ရီပေါ်ကို အခုအချိန်အထိ ချစ်နေတုန်းပဲ ။ အဲ့တာကြောင့် သူလုပ်ခဲ့တဲ့အရာတွေက အလွန်ရယ်စရာကောင်းနေခဲ့တယ် ။ သူရှုံးသွားပြီ ဝမ်ရီပေါ်ကို သူရှုံးသွားခဲ့ပြီ ။ မဟုတ်ဘူး! သူက အစကတည်းက ရှူံးနေခဲ့ပြီးသား ။ ရှောင်ကျန့်ကို လက်လွှတ်လိုက်ကတည်းက သူက ရှုံးနိမ့်နေခဲ့ပြီးပြီ ။ သူကိုယ်တိုင်ကလည်း အဲ့တာကိုသိနေခဲ့တယ် ။ ဒါပေမဲ့ လက်မခံနိုင်တာကြောင့် ကိုယ့်ကိုယ်ကို အတင်းလိမ်ညာနေခဲ့တာ ။
STAI LEGGENDO
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]