''29''

6K 903 18
                                    

ရှောင်ကျန့်ရဲ့မျက်ခုံးတွေက အလိုမကျမှုတွေကြောင့်တွန့်ချိုးနေတယ် ။ ဝမ်ရီပေါ်ရဲ့ဝိညာဉ်အစိတ်အပိုင်းတစ်ခုက လျိုအန်းရဲ့ကိုယ်ထဲမှာတဲ့လား? ။ ဘာလို့လျိုအန်းဖြစ်နေရတာလဲ? ။ ရှောင်ကျန့်က မျက်နှာပျက်နေတဲ့ဝမ်ရီပေါ်ကိုကြည့်လိုက်တယ် ။ ဝမ်ရီပေါ်က သူကြည့်နေတာကိုမြင်တော့ နှုတ်ခမ်းလေးတွေဖိကိုက်ထားတယ် ။ မသိရင်သူကပဲ တမင်အနိုင်ကျင့်နေတာကျလို့ ။

လျိုအန်းက ဝမ်ရီပေါ်ဆိုတော့ ကျူဖုန်းမင်နဲ့က ဘယ်လိုပတ်သတ်နေတာလဲ? ။ ရှောင်ကျန့်ရဲ့မျက်လုံးတွေက ချက်ခြင်းအေးစက်လာတယ် ။ တကယ်လို့လျိုအန်းက ကျူဖုန်းမင်ကိုစိတ်ဝင်စားနေတာမျိုးဖြစ်ခဲ့မယ်ဆိုရင် သူက အဲ့ဒီအစိတ်အပိုင်းကိုမလိုအပ်တော့ဘူး ။ တစ်ခါတည်းဖျက်စီးပစ်မယ် ။ ရှောင်ကျန့်ဆိုတဲ့သူကအတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့လူတစ်ယောက် ။ သူပိုင်ဆိုင်တဲ့အရာအားလုံးက သူတစ်ယောက်တည်းအတွက်ပဲဖြစ်ရမယ် ။ မဟုတ်ရင်အဲ့ဒီပစ္စည်းကို လှည့်ကြည့်မှာမဟုတ်ဘူး ။

လျိုအန်းက သူ့ကိုအကဲခတ်နေတဲ့ဆရာဦးလေးကြောင့် ချွေးတွေပျံလာတယ် ။ ဆရာဦးလေးရဲ့အေးစက်နေတဲ့မျက်ဝန်းတွေကြောင့် အသက်တောင်ကောင်းကောင်းမရှူနိုင်တော့ ။ သူ့ကိုသဘောမကျမှာတွေးပြီး အလွန်စိတ်ပူနေတယ် ။ ဆရာဦးလေးက ပြန်သတိရလာတည်းက သူ့ကိုအခုလိုမျိုးစိုက်ကြည့်နေတာဖြစ်တယ် ။ ဘာမှလည်းမပြောဘူး ။ ကြာလာတော့လျိုအန်းက မနေတက်တော့ ။ အဲ့ဒီအချိန်မှာပဲဆရာဦးလေးက သူ့ကိုမေးလာတယ် ။

" မင်းက ? "

" ဒီတပည့်က ဆရာရဲ့အငယ်ဆုံးတပည့်ပါ ။ ဆရာဦးလေးရဲ့အကြောင်းတွေကို ဆရာစီက အများကြီးကြားဖူးထားပါတယ် ။ ''

" သွားခေါ် ''

" ဗျာ? ဘယ်သူကိုလဲ? "

" မင်းရဲ့ဆရာ ''

ရှောင်ကျန့်က လျိုအန်းကိုအရေးမလုပ်ချေ ။ ရီဝူချင်းရဲ့အကျင့်အရ သူမသိတဲ့လူတွေဆိုရင် စကားပြန်ပြောနေတာမှာမဟုတ်ဘူး ။ အရင်ကမ္ဘာတွေတုန်းက သူ့ပုံစံအတိုင်းနေလို့ရပေမဲ့ ဒီကမ္ဘာမှာတော့အဆင်မပြေချေ ။ ကျူဖုန်းမင်က ဒီမှာရှိနေတယ်လေ ။ သူသာတစ်ခုခုအမှားလုပ်မိသွားတာနဲ့ ကျူဖုန်းမင်ကတန်းသိသွားနိုင်တယ် ။ သိတာမသိတာကအရမ်းအရေးမပါပေမဲ့ သူရဲ့အကြံတွေကတော့ ပျက်စီးသွားလို့မဖြစ်ဘူး ။ 

The Story Of Phoenix KingWhere stories live. Discover now