"133"

886 140 3
                                    

" နောက်တစ်ခါ ကိုယ်ရဲ့စကားကို နားမထောင်ပဲမနေနဲ့ ... ကြည့်ပါအုံး အခုတော့ နေမကောင်းဖြစ်နေပြီ "

ရှောင်ကျန့်ဟာ အိပ်ယာပေါ်မှာ အားနည်းစွာလဲလျောင်းနေတဲ့ ကျိုးမင်းယွမ်ကို ဆေးတိုက်ကာ ကြင်နာစွာပြောလာတယ် ။ ကျိုးမင်းယွမ်က နတ်သူငယ်စွမ်းအားတွေ ဘာလို့နိုးထလာမှန်း သူမသိပေမဲ့ ကောင်းတဲ့အရာဖြစ်တာကြောင့် ပျော်ရွှင်နေမိတယ် ။ ကျိုးမင်းယွမ်မှာ စွမ်းအားတွေ ရှိနေပြီဖြစ်တာကြောင့် ဇာတ်ကြောင်းထဲလို အနိုင်ကျင့်ခံရမှာကို စိုးရိမ်ပူပန်နေစရာ မလိုတော့ဘူး ။

" ကိုကို ကျွန်တော်... ကျွန်တော့်မှာ ဘာလို့ အဲ့ဒီအစွမ်းတွေရှိနေရတာလဲဟင် ကျွန်တော် ... ကျွန်တော်က လူသားတစ်ယောက်လေ "

" ....... "

" ကိုကို ကျွန်တော်ကြောက်တယ် "

ရှောင်ကျန့်က တုန်လှုပ်နေတဲ့ ကျိုးမင်းယွမ်ကို ဘယ်လိုရှင်းပြမှန်းမသိ ဖြစ်နေခဲ့တယ် ။ ကျိုးမင်းယွမ်ရဲ့အမေက လူသားတစ်ယောက်ဆိုပေမဲ့ အဖေဖြစ်သူကတော့လုယီအန်းရဲ့အကို အရင်နတ်သူငယ်ဘုရင်လေ ။ အဲ့တာကြောင့် ကျိုးမင်းယွမ်ကို လူသားအစစ်တစ်ယောက်လို့ မဆိုနိုင်ဘူး ။

ဒီကမ္ဘာရဲ့ဇာတ်ကြောင်းအရဆိုရင် ကျိုးမင်းယွမ်က သူ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့ လုယီအန်း ကြောင့် မတော်တစ မှတ်ညဏ်ပြန်ရသွားကာ သူရဲ့မိဘတွေ သေဆုံးရတဲ့အဖြစ်မှန်ကို သိသွားခဲ့တယ် ။ ဒါပေမဲ့ နတ်သူငယ်စွမ်းအားကိုတော့ မပိုင်ဆိုင်ခဲ့ဘူး ။ အဲ့တာကြောင့် လုယီအန်းကို ကိုယ်တိုင်ကိုယ်ကျ လက်စားမချေနိုင်ခဲ့ဘူး ။ သူရဲ့အထက်ပုဂ္ဂိုလ်တွေကပဲ သူ့အတွက် လက်စားချေပေးခဲ့တာ ။

ကြည့်ရတာ ဝမ်ရီပေါ်က ကျိုးမင်းယွမ်ရဲ့ခန္ဓာကိုယ်ထဲ ရောက်သွားခဲ့လို့ထင်တယ် ။ ဝမ်ရီပေါ်ရဲ့ဝိညာဉ်က အရမ်းသန်မာတာကြောင့် နတ်သူငယ်စွမ်းအားတွေ နိုးထလာတာနေမှာ ။ မဟုတ်ရင် တစ်ခြားဖြစ်နိုင်စရာ အကြောင်းအရင်း မရှိတော့ဘူး ။ လက်ရှိအချိန်မှာ ကျိုးမင်းယွမ်က စွမ်းအားတွေ နိုးထလာခဲ့ပေမဲ့ ဇာတ်ကြောင်းထဲကလိုတော့ မှတ်ညဏ်ပြန်မရသေးဘူး ။ အဲ့တာကြောင့် သူ့ကိုယ်သူ လူသားတစ်ယောက်လို့ပဲ ထင်မှတ်နေခဲ့တယ် ။

The Story Of Phoenix KingWhere stories live. Discover now