''2''

11.5K 1.4K 11
                                    

သခင်မကြီးလင်းက ကောင်းကင်နဲ့ မြေကြီးလို ပြောင်းလဲသွားတဲ့ သူမရဲ့သားကို အံ့အားသင့်စွားငေးကြည့်လို့နေတယ် ။ ဒီကလေးက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ပြောင်းလဲသွားရတာလဲ ။ သူမရဲ့နူးညံ့တဲ့သားလေးက အခုအချိန်မှာတော့ ငရဲကနေတက်လာတဲ့ နတ်ဆိုးတစ်ကောင်လို အေးစက်ကာ ကြောက်ဖို့ကောင်းတဲ့ အရှိန်အဝါတွေနဲ့ပြည့်နှက်နေတယ် ။ သူမရဲ့ရင်ထဲမှာလည်း ဖော်ပြလို့မရတဲ့ခံစားချက်တွေက အဆက်မပြတ်စီးဆင်းလျက် ။

" ရှိုးယာ အမေရဲ့သားငယ်လေး ။ ဘယ်အရာက သားငယ်လေးကို ဒီလောက်အထိပြောင်းလဲသွားစေတာကွယ် ။ ''

ရှောင်ကျန့်က သူ့ရဲ့အရှေ့က သခင်မကြီးလင်းဆိုတဲ့ အမျိုးသမီးကို အေးစက်စက်စိုက်ကြည့်ကာ အကဲခတ်လို့နေတယ် ။ ဒီအမျိုးသမီးကြီးက လင်းရှိုးယာရဲ့မွေးမိခင်ပဲ ။

" အမေ ကျွန်တော် လက်ဖက်ရည်ပွဲတော်ကိုသွားချင်တယ် ''

" နေသေချာကောင်းသေးတာလည်း မဟုတ်ပဲ အိမ်တော်မှာပဲ အနားယူနေပါလား သားရယ် ။ မင်းသာ တစ်ခုခုဖြစ်သွားရင် ဒီအမေအိုကြီးအသက်ရှင်နိုင်မှာမဟုတ်ဘူး ။ အမေစကားကိုနားထောင်ပါကွယ် ''

" ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ ''

"...........''

"...........''

" ဟူး! ဒါဆိုလည်း အမေ မင်းကို မကန့်ကွက်တော့ပါဘူး ။ ဒါပေမဲ့ ဘာမှမဖြစ်ပဲ ကောင်းကောင်းမွန်မွန် ပြန်လာရမယ်နော် ။ မဟုတ်ရင် ဒီအမေအိုကြီးက မင်းကို အိမ်အပြင်ပေးထွက်တော့မှာ မဟုတ်ဘူး ''

" ကျွန်တော် နားလည်ပါပြီ ''

သခင်မကြီးလင်းက သူမကို အေးစက်စိမ်းကာသွားတဲ့ သားဖြစ်သူကြောင့် အလွန်တရာဝမ်းနည်းနေတယ် ။ သူမကိုဆိုသိပ်ကပ်လွန်းတဲ့ ဒီကလေးက အခုလိုမျိုးအေးစက်ပြီး တိတ်ဆိတ်သွားခဲ့တာ အိမ်ရှေ့မင်းသားနဲ့ စေ့စပ်ထိမ်းမြှားတဲ့ကိစ္စကို သူမက လက်ခံခဲ့မိလို့လား ။ သူမရဲ့သားလေးက မင်းသားကိုးကလွဲပြီး ဘယ်သူကိုမှမလိုချင်ဘူးလား ။ ဒါပေမဲ့ မင်းသားကိုးက စစ်သူကြီးကုရဲ့သားနဲ့ သတင်းတွေထွက်နေတယ်လေ ။ သူမက သူမရဲ့သားလေးအတွက် ဘာမှမလုပ်ပေးနိုင်ဘူးပဲ ။

The Story Of Phoenix KingWo Geschichten leben. Entdecke jetzt