''17''

7.3K 998 11
                                    

ရှောင်ကျန့်က သူ့ကို နံရံမှာဖိကပ်ထားတဲ့ လီကျားရီရဲ့ခြေထောက်ကို ဖြတ်ကန်ပစ်လိုက်တယ် ။ လီကျားရီက သူ့ကိုဝေခွဲရခက်နေတဲ့ မျက်လုံးတွေနဲ့ကြည့်လာပြီး သူဘယ်သူလဲဆိုတာကို ထပ်ခါထပ်ခါ​မေးနေတယ် ။ ဂရုမစိုက်ပဲထွက်သွားဖို့ပြင်လိုက်တော့ သူရဲ့ညာလက်ကောက်ဝတ်ကို အားနဲ့ဆုပ်ကိုင်ကာတားစီးပြန်တယ် ။ ကျစ်! ဒီလီကျားရီက ဘာဖြစ်နေတာလဲ ။

" ခင်များက သူမဟုတ်ဘူး ။ ''

" အဓိပ္ပါယ်မရှိတာတွေ တော်လိုက်တော့ ! ။ ''

ရှောင်ကျန့်က စိတ်ရှုပ်လာတဲ့အတွက် အော်ပစ်လိုက်တယ် ။ လီကျားရီရဲ့မျက်လုံးတွေက တဖြည်းဖြည်းအေးစက်လာပြီး အသက်ရှူသံတွေမြန်လာတော့တယ် ။

" ခင်များ ဘယ်သူလဲလို့ ကျွန်တော်မေးနေတယ်လေ ''

သူ့ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ လီကျားရီရဲ့လက်တွေက တဖြည်းဖြည်းအားပါလာပြီး အရိုးတွေကိုချိုးပစ်တော့ပုံနဲ့ ။ ရှောင်ကျန့်က ဆက်ပြီးသည်းမခံနိုင်တော့တဲ့အတွက် လီကျားရီရဲ့မျက်နှာကို အားနေတဲ့သူရဲ့လက်တစ်ဖက်နဲ့ ဖြတ်ရိုက်ပစ်လိုက်တယ် ။

" မင်း စိတ်ရောဂါကုဆေးရုံသွားသင့်တယ် ။ အဲ့ဒီကလူတွေက မင်းကိုပုံမှန်ပြန်ဖြစ်အောင် ကုသပေးလိမ့်မယ် ။ ''

လီကျားရီက သူ့ကိုအထင်သေးသလိုကြည့်ပြီး အခန်းထဲကထွက်သွားတဲ့ ကျန်းရှောင်ဖန်ရဲ့ကျောပြင်ကို မျက်တောင်မခတ်ငေးကြည့်နေမိတယ် ။ ဒီလူကကျန်းရှောင်ဖန်ဆိုပေမဲ့လည်း သူသိတဲ့ကျန်းရှောင်ဖန်မဟုတ်ဘူး ။ ဒါဆိုရင်ကျန်းရှောင်ဖန်က ဘယ်ကိုရောက်သွားတာလဲ ? ။ ထားလိုက်ပါတော့ ဒါတွေကအရေးမကြီးဘူး ။ အရေးကြီးတာက ဒီလူအပေါ်မှာဖြစ်ပေါ်လာတဲ့ သူရဲ့စိတ်တွေပဲ ။ ဘာလို့လဲ? ။ သူက ဘာလို့ဒီလူကို လိုချင်နေရတာလဲ? ။ မဖြစ်သင့်ဘူးလေ ။

ကျန်းရှောင်ဖန်ဆိုတဲ့လူက သူ့ကိုငယ်ငယ်လေးတည်းက အနိုင်ကျင့်နှိပ်စက်ပြီး သူ့မိခင်ကိုလည်းမတူမတန်ဆက်ဆံတယ် ။ သူတို့ကသွေးသားတော်စပ်နေတာတောင်မှ ဂရုမစိုက်ခဲ့ ။ သူငါးနှစ်သားအရွယ်တုန်းက သူ့ကို လမ်းမပေါ်မှာတစ်ယောက်တည်းထားသွားတဲ့အထိ ကျန်းရှောင်ဖန်က သူ့အပေါ်ရက်စက်ခဲ့တာ ။ သူ့မိခင်ဆိုလည်း ကျန်းရှောင်ဖန်ကြောင့် အမြဲဝမ်းနည်းနေရတယ် ။

The Story Of Phoenix KingTahanan ng mga kuwento. Tumuklas ngayon