''46''

5.1K 702 17
                                    

လီချန်းလျုံတစ်ယောက် ဒီရက်တွေထဲ သူ့ကိုယ်သူဘာတွေဖြစ်နေလဲဆိုတာကို လုံးဝနားမလည်နိုင်ဖြစ်နေတယ် ။ အရင်ကဆိုရင် ရှန်းကျားလျန်ကိုတွေ့တာနဲ့ ပထဆုံးလုပ်တဲ့အရာက သူရဲ့မီးကြာပွတ်နဲ့ သွေးတွေစီးကျလာတဲ့အထိ အဆက်မပြတ်ရိုက်နှက်တာဖြစ်တယ် ။ ဒီနည်းလမ်းကိုအသုံးပြုပြီး သူ့ရင်ထဲကမ​ကျေနပ်ချက်တွေကို ဖော်ထုတ်ခဲ့တယ် ။ ဒါပေမဲ့အခုတော့ အဲ့ဒီလိုမလုပ်နိုင်ခဲ့ဘူး ။

လက်ရှိသူစီမှာဖြစ်နေတဲ့ မူမမှန်မှုတွေအားလုံးက အဲ့ဒီနေ့ကစတင်ခဲ့တာဖြစ်တယ် ။ ဘယ်နေ့လဲဆိုရင် ရှန်းကျားလျန်သတိလစ်သွားတဲ့နေ့ ။ သူ့ရဲ့လက်ထဲမှာ အသက်မျော့မျော့ပဲရှိတော့တဲ့ ရှန်ကျားလျန်ကိုကြည့်ပြီး ပထမဆုံးခံစားခဲ့ရတဲ့အရာက အကြောက်တရား ။ ရှန်းကျားလျန်သာမရှိတော့ရင်ဆိုတဲ့အတွေးက သူ့ကိုဆောက်တည်ရာမရဖြစ်စေတယ် ။ လီချန်းလျုံက သမားတော်တွေရဲ့လည်ပင်းပေါ်ဓားထောက်ပြီး ခြိမ်းခြောက်ခဲ့တယ် ။

သေမှာကြောက်ကြတဲ့သမားတွေက သူတို့စီမှာရှိသမျှ တန်ဖိုးကြီးဆေးပင်တွေကိုအသုံးပြုပြီး ရှန်းကျားလျန်ရဲ့အသက်ကိုဆွဲဆန့်ကြတယ် ။ မိစ္ဆာဘုရင်ရဲ့ဒေါ်သကို ဘယ်သူမှမခံချင်ကြဘူးလေ ။ သွေးရောင်ပြန်လွှမ်းလာတဲ့ ရှန်းကျားလျန်ရဲ့မျက်နှာကိုမြင်မှ အားလုံးကစိတ်သက်သာရာရသွားခဲ့တာ ။ အဲ့ဒီနောက်မှာတော့သမားတော်တွေက ရှန်းကျားလျန်ရဲ့လက်ရှိအခြေအနေကိုလျှောက်တင်ပြီး လျှင်မြန်စွာထွက်ခွာသွားကြတယ် ။

ရှန်းကျားလျန်ရဲ့ကိုယ်ထဲက အရိုးအားလုံးကကျိုးကြေသွားပြီတဲ့ ။ လီချန်လျုံက နှုတ်ခမ်းတွေကို ပြတ်ထွက်မတက်ဖိကိုက်ထားမိတယ် ။ ဒါကသူလိုချင်နေတဲ့အရာပဲလေ ။ ဘာကြောင့်ဒေါ်သတွေထွက်နေရတာလဲ ? ။ ဘာကြောင့်မကျေမနပ်ဖြစ်နေရတာလဲ? ။ လီချန်းလျုံက ကိုယ့်ကိုပြန်မေးခွန်းထုတ်မိတယ် ။ အဲ့ဒီလူက သူ့မိဘတွေကိုသတ်သွားတဲ့ လူသတ်သမားလေ ။ သူကဘာလို့ အခုလိုတွေခံစားနေရတာလဲ? ။

ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ လီချန်းလျုံက ရှန်းကျားလျန်အတွက် တားမြစ်နယ်မြေဖြစ်တဲ့ နဂါးတွေရဲ့သင်္ချိုင်းကိုသွားပြီး ဝိညာဉ်မြက်ကိုရှာဖွေခဲ့တယ် ။ ရှေးဟောင်းစာအုပ်တွေထဲမှာ ဝိညာဉ်မြက်က သေဆုံးခါနီးလူတစ်ယောက်ကို ပြန်ရှင်သန်လာစေတယ်ဆိုပြီး ဖော်ထားခဲ့တယ်မလား ။ ထူးဆန်းစွာနဲ့ပဲ ရှန်းကျားလျန်ရဲ့ကျိုးကြေနေတဲ့အရိုးအားလုံးက ဝိညာဉ်မြက်ရဲ့အကူအညီမပါနဲ့ အကုန်ပြန်ကောင်းလာခဲ့တယ် ။

The Story Of Phoenix KingWhere stories live. Discover now