''93''

2.7K 391 8
                                    

စွမ်းအားရှင်အဖွဲ့အစည်း၏ ဌာနချုပ်အတွင်း၌....

" ကျိုးလော့ချင်း မင်းဘယ်အချိန်အထိ ပြသာနာရှာနေအုံးမှာလဲ? ငါ မင်းကို ပိုင်ယွီချန်နဲ့သွားမရှုပ်ဖို့ အကြိမ်ကြိမ်သတိပေးထားခဲ့တယ် အဲ့တာကိုတောင် မင်းက သူ့ကို မင်းရဲ့တွဲဖက်ပါတနာအဖြစ် ရွေးချယ်လိုက်တယ်တဲ့လား မင်း ငါ့ကို ဒေါသထွက်သေအောင် လုပ်နေတာလား? "

"..............''

" အခုချက်ခြင်း စွမ်းအားရှင်အဖွဲ့အစည်းက နှုတ်ထွက်လိုက် ''

" မလုပ်နိုင်ဘူး ''

" ဘာပြောတယ်? "

" ကျွန်တော်နှုတ်မထွက်နိုင်ဘူး ''

" ကျိုးလော့ချင်း!!! "

" အဖေ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော် လုံးဝနှုတ်မထွက်နိုင်ဘူး ။ အဲ့တာကြောင့် ကျွန်တော်ကို ဆက်ပြီးဖိအားပေးမနေပါနဲ့ မဟုတ်ရင် အမေကို လှမ်းပြီးဆက်သွယ်ရလိမ့်မယ် ။ အမေက ကျွန်တော်ရဲ့ဆန္ဒကို လျစ်လျူရှုမှာမဟုတ်ဘူး ''

ကျိုးလော့ချင်းဟာ သူ့ကို ဒေါသတကြီးစိုက်ကြည့်နေတဲ့ အဖေဖြစ်သူ ကျိုး​ချောင်ယန်ရဲ့မျက်လုံးတွေကို ပြန်စိုက်ကြည့်ကာဆိုလာတယ် ။ သူမလုပ်နိုင်ဘူး စွမ်းအားရှင်အဖွဲ့အစည်းက​နေ နှုတ်မထွက်နိုင်ဘူး ။

" ထပ်ပြီး ပိုင်ယွီချန်ကြောင့်ပဲလား? "

" ဟုတ်တယ် ကျွန်တော် သူမရှိပဲမနေနိုင်ဘူး ကျွန်တော် သူ့ကိုချစ်တယ် ''

ကျိုးချောင်ယန်ဟာ သွေးအန်လုနီးနီးဖြစ်သွားခဲ့တယ် ။ သူရဲ့သားက အဲ့ဒီစကားတွေကို သူရဲ့အရှေ့မှာ အကြောက်အလန့်မရှိ ပြောရဲတယ်ပေါ့လေ ။ သေအောင်အရိုက်ခံမှာ မကြောက်ဘူးလား? ။ ဒါမှမဟုတ် သူတကယ်မလုပ်မှန်းသိလို့ တမင်ပြောနေတာလား? ။

" ကျိုးလော့ချင်း မင်းကိုယ်မင်း ဘယ်သူဆိုတာကို မေ့နေပြီလား? မင်းက သာမန်စွမ်းအားရှင်တစ်ယောက်မဟုတ်ဘူးနော်? အင်ယာပါယာရဲ့အနာဂတ်ခေါင်းဆောင် ကျိုးချောင်ယန်ဆိုတဲ့ ငါရဲ့သား ''

".............''

" ပိုင်ယွီချန်နဲ့မင်းက ဘယ်လိုမှမဖြစ်နိုင်ဘူး ။ မင်းရဲ့အမေကလည်း သဘောတူမှာမဟုတ်ဘူး ''

The Story Of Phoenix KingTempat cerita menjadi hidup. Temukan sekarang