ရှောင်ကျန့်က အလုပ်တွေများနေတယ် ။ ဘာလို့လဲဆိုတော့ လီကျားရီက သူ့ကို အချိန်ပြည့်စောင့်ကြည့်နေလို့ပဲ ။ မသိချင်ယောင် ဆောင်လို့တောင်မရ ။ သူ့ရှေ့မှာအမြဲပေါ်လာပြီး ထူးထူးဆန်းဆန်းတွေပြုမူနေတာကြောင့် မျက်ခုံးတွေမလှုပ်ပဲမနေနိုင် ။ လီကျားရီရဲ့ပုံစံက သူ့ကိုအချိန်မရွေးခုန်အုပ်တော့မဲ့ သားရိုင်းကောင်နဲ့တောင်ဆင်နေသေးတယ် ။
အဲ့ဒါကြောင့်မို့ လီကျားရီနဲ့ပတ်သတ်ရင် ပေါ့ပေါ့တန်တန်သဘောမထားရဲတော့ပေ ။ လီကျားရီရဲ့စိတ်က အလွန်ခန့်မှန်းရခက်ပြီး သူမထင်ထားတွေတောင် လုပ်ပစ်နိုင်လာတယ် ။ ဥပမာပြောရမယ်ဆိုရင်တော့ သူက သူရဲ့အကိုဖြစ်နေတာတောင်မှ ဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုးပေါ့ ။ လီကျားရီရဲ့မိခင်ဖြစ်တဲ့ သူရဲ့မိထွေးကလည်း ထူးဆန်းစွာပြုမူနေတယ် ။ တစ်ခုခုဖြစ်နေသလိုပဲ ။
" ညနေကျရင် အတူပြန်ကြရအောင်နော် ကိုကို ။''
"..........''
" ကိုကိုလို့.... ''
ဘာမှပြန်မပြောပဲတိတ်နေလိုက်တော့ လီကျားရီက သူ့ရဲ့အနားကိုရောက်လာပြီး ခါးတွေကိုအတင်းဖက်တွယ်ကာ ပူဆာသလိုဆိုလာတယ် ။ ရှောင်ကျန့်က စိတ်ထဲကနေ သက်ပြင်းချရုံပဲတက်နိုင်တော့တယ် ။ လီကျားရီက သူ့ရဲ့ကုမ္မဏီကိုနေ့တိုင်းရောက်လာတက်ပြီး သူ့ကိုလာတွေ့လေ့ရှိတယ် ။ မောင်းထုတ်လိုက်ရင်လည်း မသိချင်ယောင်ဆောင်ကာ ရှယ်ယာရှင်ပုံစံပြုမူတယ် ။ လီကျားရီရဲ့လက်ထဲမှာ ကုမ္မဏီရဲ့ရှယ်ယာတွေရှိနေတာမို့ ဘာမှမတက်နိုင်ခဲ့ဘူး ။
" လီကျားရီ မင်း ကိုယ့်ကိုလွှတ်ပေးထားလို့မရဘူးလား ။ ''
" ဟင့်အင်း! မရဘူး ။ ကျွန်တော်က ကိုကို့အနားမှာအမြဲရှိနေချင်တာ ''
ရှောင်ကျန့်က ခေါင်းတောင်ကိုက်ချင်ချင်ဖြစ်လာတယ် ။ လီကျားရီက ဝမ်ရီပေါ်ရဲ့ဝိညာဉ်အစိတ်အပိုင်းဖြစ်တာမို့ နာကျင်အောင်လည်းမလုပ်ရက် ။ နောက်ဆုံးတော့ သူပဲ အလျော့ပေးလိုက်ရတော့တယ် ။ ဟူး! ဒီဒုတိယဝိညာဉ်အစိတ်အပိုင်းက ဆိုးသွမ်းတဲ့အစိတ်အပိုင်းလေးပဲ ။ ပထမအစိတ်အပိုင်းလို လိမ္မာမနေဘူး ။ ကျန်တဲ့အစိတ်အပိုင်းကရော ဘယ်လိုပုံစံတွေဖြစ်နေအုံးမလဲ? ။
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]