''11''

8.2K 1.1K 15
                                    

မင်းသားကိုးဝေ့ရီချန်နဲ့ လင်းရှိုးယာရဲ့ မင်္ဂလာသတင်းက လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလို့နေတယ် ။ လူအများစုက မင်းသားကိုးဟာ သူ့ကိုသစ္စာဖောက်သွားတဲ့ ကုချင်းယီကို လက်စားချေချင်လို့ လင်းရှိုးယာကိုရွေးချယ်လိုက်တယ်လို့ ပြောကြတယ် ။ ကုချင်းယီနဲ့ မင်းသားကိုးက ဘာလိုလိုဆိုပြီးသတင်းတွေ ထွက်ခဲ့ကြတယ်လေ ။ ကုချင်းယီက အိမ်ရှေ့စံမင်းသားကို ရွေးချယ်ခဲ့တာကို မင်းသားကိုးကမကျေနပ်တဲ့အတွက် အခုလိုလုပ်တယ်လို့ ပြောနေကြတယ် ။

လင်းရှိုးယာဆိုတာကလည်း အိမ်ရှေ့စံမင်းသားရဲ့ဇနီးလောင်းဖြစ်ခဲ့ဖူးတော့ တော်တော်များများက ဖြစ်နိုင်တယ်ဆိုပြီးထင်ကြတာပေါ့ ။ လူအနည်းစုကသာ မင်းသားကိုးနဲ့ ကုချင်းယီက မပတ်သတ်ဘူးဆိုတာသိကြတာ ။ မင်သားကိုးချစ်မြတ်နိုးတဲ့လူက သူ့အကိုရဲ့ဇနီးလောင်းဖြစ်ခဲ့ဖူးတဲ့ လင်းရှိုးယာဆိုတဲ့လူပဲ ။ ဒါပေမဲ့ သူတို့တွေက ဒီအကြောင်းတွေကို လူသိအောင်ပြောပြမှာမဟုတ်ဘူး ။

ရှောင်ကျန့်က သူ့အတွက် စပျစ်သီးခွံတွေခွာပြီး အစေ့တွေထုတ်ပေးနေတဲ့ ဝေ့ရီချန်ကို မေးထောက်ပြီးငေးကြည့်လို့နေတယ် ။ ဝေ့ရီချန်ရဲ့အပြုအမူတွေက ဝမ်ရီပေါ်ဆိုတဲ့လူကို ပြန်ပြန်သတိရစေတယ် ။ သူ့ကိုအကြံတွေနဲ့ချည်းကပ်ပြီး ဒုက္ခရောက်အောင်လုပ်သွားတဲ့လူကို အခုအချိန်အထိ ဘာလို့သတိရနေရတာလဲ ။ ဒီပုံစံအတိုင်းဆိုရင် သူက ဝမ်ရီပေါ်ကို မေ့နိုင်လောက်မှာမဟုတ်ဘူး ။

ဟူး!! ပင်လယ်နတ်သမီးကိုရှာပြီး ချစ်ခြင်းကင်းမဲ့တဲ့ဆေးရည်ပေးဖို့ မရ ရအောင် အကူအညီတောင်းရတော့မှာပဲ ။ ပြီးရင် အိမ်အပြန်လမ်းကို အမြန်တွေ့အောင်ရှာရမယ် ။ ဒီကစားစရာနယ်မြေထဲမှာ အကြာကြီးရှိနေလို့မဖြစ်ဘူး ။ သူရဲ့မျိုးနွယ်စုက သူပြန်လာမဲ့အချိန်ကို စောင့်မျှော်နေကြတာ ။ အဲ့ဒီလူတွေကို ထပ်ပြီးစိတ်ပျက်ရအောင် မလုပ်ချင်တော့ဘူး ။

" စားလို့ရပြီနော် အကို ''

" အင်း ''

ရှောင်ကျန့်က အခွံနွာအစေ့ထုတ်ထားတဲ့ စပျစ်သီးလေးတစ်လုံးကို ပါးစပ်ထဲကောက်ထည့်ကာ ခေါင်းငြိမ့်လိုက်တယ် ။ ဒီစပျစ်သီးက ချိုသားပဲ ။

The Story Of Phoenix KingWhere stories live. Discover now