''69''

4.3K 593 13
                                    

မူကျားယွမ်က သူ့မျက်စိရှေ့ကမြင်ကွင်းကို မျက်တောင်မခတ် စိုက်ကြည့်နေမိတယ် ။ သူဘာတွေကိုမြင်လိုက်ရတာလဲ?။ အန်ကယ်ချင်းက ဘယ်လိုလုပ်ပြီး အခုလိုဖြစ်နေရတာလဲ? ။ မူကျားယွမ်က ဒေါ်သထွက်ရလွန်းလို့ နံရံကို လက်သီးနဲ့ ပိတ်ထိုးပစ်လိုက်တယ် ။ ဘယ်ခွေးသူတောင်စားက သူရဲ့အန်ကယ်ချင်းကို ဆေးခတ်ရဲတာလဲ!! ။ ရှာတွေ့လို့ကတော့ အပိုင်းပိုင်းဖြတ်ပြီး သတ်ပစ်မယ် ။ ရာရာစစ သူ့အပိုင်လူသားကိုမှ လာထိရဲတယ် ။

အဲ့ဒီနောက်မှာတော့ မူကျားယွမ်ဟာ အဝတ်ကင်းမဲ့နေတဲ့ ချင်းလီရွမ်ရဲ့ကိုယ်​လေးကို ညှင်သာစွာထိတွေ့လိုက်တယ် ။ ချင်းလီရွမ်ကတော့ ဆေးအရှိန်ကြောင့် မေ့မျောသွားပြီဖြစ်တာမို့ ဘာတစ်ခုမှမသိနိုင်တော့ဘူး ။ သူ့ရဲ့ခန္ဓာကိုယ်ကို ထိတွေ့နေတဲ့လက်တွေ ၊ နမ်းရှိုက်နေတဲ့နှုတ်ခမ်းတွေ ၊ ဝါးမျိုမတက်စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေ ဘာတစ်ခုမှကိုမသိနိုင်တော့ဘူး ။ မူကျားယွမ်က ချင်းလီရွမ်ရဲ့နှုတ်ခမ်းလေးကို မြတ်နိုးစွာနမ်းကာ ဆိုလိုက်တယ် ။

" အန်ကယ်ချင်း ကျွန်တော် အန်ကယ်ချင်းကို အရမ်းချစ်တယ် အန်ကယ်ချင်းက ကျွန်တော်ရဲ့အပိုင် ''

ဟုတ်တယ်! မူကျားယွမ်ဆိုတဲ့သူက သူ့ထက် အသက်အများကြီးကြီးတဲ့ ဒီအမျိုးသားကိုမှ ရူးရူးမူးမူးချစ်မိနေတာဖြစ်တယ် ။ မဖြစ်သင့်ဘူးဆိုတာသိနေပေမဲ့ ရှေ့ဆက်တိုးမိနေတုန်းပဲ ။ ဘယ်လိုမှနောက်ပြန်ဆုတ်လို့ မရတော့ဘူး ။ အန်ကယ်ချင်းအပေါ်မှာရှိတဲ့ သူရဲ့ခံစားချက်တွေက အရမ်းကိုနက်ရှိုင်းလွန်းတယ် ။ ဒါကြောင့် သူကိုယ်သူတောင် ပြန်လန့်​နေရပြီ ။ ဘယ်အချိန်ကစပြီး ဒီလိုတွေဖြစ်လာခဲ့တာလဲ? ။ မသိဘူး! သူလုံးဝမသိဘူး! ဘယ်အချိန်ကစပြီး ဒီလိုတွေဖြစ်လာခဲ့တာပါလိမ့်? ။

မူကျားယွမ်က ချင်းလီရွမ်ကို ငေးကြည့်နေမိတယ် ။ အဲ့ဒီနောက်မှာတော့ ချင်းလီရွမ်ရဲ့လည်ဂုတ်ဖြူဖြူလေးကို အရာထင်ကျန်သွားတဲ့အထိ စုပ်ယူကိုက်ခဲပစ်လိုက်တယ် ။ ဒီလူကို ဘယ်သူမှမမြင်အောင် ပိတ်လှောင်ထားချင်လွန်းလို့ ရူးတော့မှာပဲ ။

" ကျွန်တော် ဘယ်လိုလုပ်ရမလဲ အန်ကယ်ချင်း? ကျွန်တော်တော့ အန်ကယ်ချင်းကြောင့် ရူးနေပြီထင်တယ် '' 

The Story Of Phoenix KingWhere stories live. Discover now