" သခင်လေးလင်း သခင်မကြီးက သခင်လေးကို ပြန်သတိရလာလို့ရှိရင် သူမစီလာခဲ့ဖို့ ကျွန်တော်မျိုးမကို ပြောခိုင်းလိုက်ပါတယ် ''
"..........''
" သခင်လေးလင်း ''
" ထွက်သွား ။ ငါတစ်ယောက်တည်းနေချင်တယ် ''
" ဒါပေမဲ့ သခင်မကြီးက... ''
" မင်းကိုထွက်သွားလို့ပြောနေတာ မကြားဘူးလား ။ သေချင်နေလို့ ငါ့ကိုလာပြောနေတာလား ''
အစေခံမလေးက နူးညံ့ပြီးထိခိုက်လွယ်တဲ့ပုံစံကနေ အေးစက်ပြီးရက်စက်တဲ့ပုံစံပြောင်းသွားတဲ့ သခင်လေးကြောင့် မျက်နှာတစ်ခုလုံး သွေးမရှိတော့အောင်ဖြူစုပ်သွားတယ် ။ သခင်လေးရဲ့အကြည့်တစ်ချက်ကတင် သူမကို အသက်ရှူရကြပ်စေတယ် ။ ဒီတစ်ခေါက်အဖြစ်အပျက်ကြီးက သခင်လေးအပေါ် အရမ်းသက်ရောက်သွားတယ်ထင်တယ် ။
ရှောင်ကျန့်က မျက်လုံးဖွင့်ဖွင့်ချင်း သူနဲ့မရင်းနီးတဲ့ပုံရိပ်တွေနဲ့ ရင်ဆိုင်လိုက်ရတယ် ။ သူကိုယ်သူ အသက်စတေးပြီး ဝမ်ရီပေါ်ကိုကျိန်စာတိုက်ခဲ့ပေမဲ့လည်း အခုလိုမျိုးဖြစ်သွားလိမ့်မယ်လို့တော့ လုံးဝမထင်ထားခဲ့ဘူး ။ သူ့လို ဖီးနစ်မျိုးနွယ်ရဲ့အရှင်သခင်က ဒီလိုကစားစရာနယ်မြေထဲ ရောက်လာရလိမ့်မယ်လို့ လုံးဝမထင်ထားဘူး ။ အဟက်! စိတ်ဝင်စားဖို့ကောင်းမဲ့ပုံပဲ ဒါဆိုသူလည်းအတူကစားပေးရတာပေါ့ ။
နတ်ဘုရားငယ်အများစုကက သူတို့ရဲ့စွမ်းအားတွေတိုးလာဖို့အတွက် systemနယ်မြေတွေကိုတည်ဆောက်ခဲ့ကြတယ် ။ သူတို့တွေက အဲ့ဒီကရလာတဲ့ စွမ်းအားတွေကိုအသုံးပြုပြီး သူ့တို့ကိုယ်သူတို့မြှင့်တင်ကြတယ် ။ တစ်ချို့အင်အားကြီးနတ်ဘုရားတွေကတော့ လိုချင်တဲ့အရာတစ်ခုကြောင့် systemနယ်မြေကိုတည်ဆောက်ပြီး ကိုယ်တိုင်ဝင်ရောက်တာဝန်ထမ်းဆောင်ကြတယ် ။ systemအမျိုးအစားပေါင်းများစွာရှိတဲ့အနက် သူ့အခုရောက်နေတာက ပြန်လည်မွေးဖွားခြင်းဆိုတဲ့ systemမျိုးဖြစ်တယ် ။
ကုချင်းယီဆိုတဲ့ကောင်လေးက အတိတ်တုန်းက လူအများတံတွေးထွေးခဲ့တဲ့ ထွေးခံအဆင့်တစ်ခုထက်မပိုခဲ့ ။ ဝေ့တိုင်းပြည်က ကျော်ကြားတဲ့စစ်သူကြီးရဲ့တစ်ဦးတည်းသောသားဖြစ်ပေမဲ့လည်း အသုံးမကျတာတာမို့ လူအများရဲ့လှောင်ပြောင်ကစားခြင်းကို ခံခဲ့ရတယ် ။ ကုချင်းယီက အိမ်ရှေ့စံမင်းသား ဝေ့မင်းရန်ကို ချစ်မိသွားတဲ့နောက်မှာတော့ သူ့ဘဝက ကံဆိုးမိုးမှောင်ကျခဲ့ရတော့တယ် ။
VOCÊ ESTÁ LENDO
The Story Of Phoenix King
FanficStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]