"143"

1.9K 199 17
                                    

ဟူမင်ယွီဟာ နတ်ဘုရားကမ္ဘာကို ပြန်လာကာ ရှောင်ကျန့်နဲ့တွေ့ဖို့ ပြင်ဆင်နေတုန်းမှာပဲ ဖီးနစ်မျိုးနွယ်က ရှောင်ယင်းဆိုတဲ့လူနဲ့ တွေ့ဆုံခဲ့တယ် ။

" မြေခွေးဘုရင် မင်းကို ငါရဲ့သခင်က တွေ့ချင်နေတယ် "

" မင်းရဲ့သခင်က ဘယ်သူလဲ "

" ငါ အဲ့တာကို မပြောနိုင်ဘူး ငါရဲ့အနောက်က လိုက်လာရင် မင်း သူ့ကို တွေ့ရလိမ့်မယ် "

" အဟက်! မင်းတို့ဖီးနစ်မျိုးနွယ်က အခုအချိန်အထိ မာန်မလျော့သေးဘူးပဲ စစ်ပွဲရှုံးထားတာတောင်မှ အမှတ်မရှိသေးဘူးလား မင်းရဲ့သခင်က ငါ့ကို တွေ့ချင်တယ်ဆိုတာနဲ့ ငါက မင်းရဲ့အနောက်ကို လိုက်ခဲ့ရမှာလား "

ဟူမင်ယွီက သူ့ကို အထက်စီးကနေ ပြောဆိုဆက်ဆံလာတဲ့ ရှောင်ယင်းဆိုတဲ့လူကို လှောင်ပြောင်ပြောဆိုလိုက်တယ် ။ သူက ဖီးနစ်မျိုးနွယ်ထက်စာရင် နဂါးမျိုးနွယ်နဲ့ ပိုရင်းနှီးတာကြောင့် ဖီးနစ်မျိုးနွယ်ကို အမြင်သိပ်ကြည်တာမဟုတ်ဘူး ။ ဖီးနစ်မျိုးနွယ်ကလူတွေက နဂါးမျိုးနွယ်ထက်တောင် ပိုပြီးမောက်မာသေးတယ် ။ စစ်ပွဲမှာ ရှုံးနိမ့်ထားတာတောင်မှ အခုအချိန်အထိ အမှတ်မရှိသေးဘူး ။ ဘာမှမဟုတ်တဲ့ ဖီးနစ်ငှက်ငယ်လေး တစ်ကောင်ကတောင် သူ့လို မြေခွေးဘုရင်ကို အမိန့်ပေးချင်နေတယ် ။

ရှောင်ယင်းဟာ ဟူမင်ယွီရဲ့‌စကားကြောင့် ‌ဒေါသထွက်သွားပေမဲ့ သခင်ဖြစ်သူ စိတ်ပျက်သွားမှာကို မလိုလားတဲ့အတွက် စိတ်ကိုပြန်ထိန်းလိုက်တယ် ။ သခင်က မြေခွေးဘုရင် ဘာပြောပြော ဒေါသမထွက်ဖို့ မှာလိုက်တယ် ။ ပြီးတော့ ‌မြေခွေးဘုရင်နဲ့ သူ အခုပြောနေတဲ့ စကားတွေကလည်း သခင်ဖြစ်သူကိုယ်တိုင်ပဲ သင်ပေးခဲ့တာ ။ သခင်က မြေခွေးဘုရင်ကို အထက်စီးကနေ ဆက်ဆံပြောဆိုဖို့ သူ့ကို အမိန့်ပေးခဲ့တာ ။

" ဖီးနစ်မျိုးနွယ်က စစ်ရှုံးခဲ့ရင်တောင် ကောင်းကင်မျိုးနွယ်က ငါတို့ကိုလာပြီး အနိုင်မကျင့်ရဲဘူးလေ "

" မင်ရဲ့သခင်က တော်တော်လေးကို သိထားပုံရတယ် "

ဟူမင်ယွီက သူ့ကို ပြန်ပြီးရန်စလာတဲ့ စကားကြောင့် အံကြိတ်ကာ ပြန်ပြောလိုက်တယ် ။ ကောင်းကင်မျိုးနွယ်က သူ့ကို အခုအချိန်မှာ ဘာမှမလုပ်ရဲပေမဲ့ အတိတ်မှာတော့ အကြိမ်ကြိမ် အနိုင်ကျင့်ခဲ့တယ် ။ နတ်ဘုရားကမ္ဘာတစ်ခုလုံး အဲ့ဒီအကြောင်းကိုသိထားပေမဲ့ သူရဲ့အရှေ့မှာတော့ ဘယ်သူကမှ အလွယ်တကူ ထုတ်မပြောရဲဘူး ။ သူ့နဲ့ အဆင့်ချင်းတူတဲ့ လူတွေတောင် သူ့ကို မျက်နှာသာပေးတဲ့အနေနဲ့ အဲ့ဒီအချက်ကို ရှောင်ကြတယ် ။

The Story Of Phoenix KingWhere stories live. Discover now