''113''

2K 296 6
                                    

ကောင်းကင်မင်းကြီးဟာ ကောင်းကင်နန်းတော်ကို ဒေါသတကြီး ရောက်ချလာတဲ့ အမှောင်နတ်ဘုရားကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ် ။ အလင်းနတ်ဘုရားကို အကြောင်းကြားသင့်လား ။ ဒါပေမဲ့ အလင်းနတ်ဘုရားက ဘာကိစ္စပဲရှိရှိ သူ့ကို လာနှောင့်မယှက်ဖို့ ပြောထားတယ်လေ ။ ဟူး! သူ ​ဖြေရှင်းနိုင်ပါ့မလား ။

" အရှင် အမှောင်နတ်ဘုရား ကောင်းကင်နန်းတော်ကို ဘာကိစ္စများရှိ... ''

" ချင်းကျိုးရီ ဘယ်မှာလဲ သူ့ကို အခုချက်ခြင်း ငါ့စီခေါ်လာခဲ့ ''

ကောင်းကင်းမင်းကြီးက အမှောင်နတ်ဘုရားရဲ့ တုံပြန်မှုကိုမြင်တော့ တစ်စုံတစ်ရာကို ခန့်မှန်းမိသွားတဲ့အလား ချွေးအေးတွေ စီးကျလာတယ် ။ သူတို့ရဲ့အလင်းနတ်ဘုရားက အဲ့ဒီလူငယ်လေးကို မြေအောက်နန်းတော်ထဲက တကယ်ကြီး ခေါ်ထုတ်လာခဲ့တာလား ။ လူသွားခေါ်မလို့ဆိုတဲ့ စကားက နောက်နေတာမဟုတ်ဘူးပေါ့ ။ ကောင်းကင်မင်းကြီးဟာ အလွန်တရာ စိတ်ဆင်းရဲသွားခဲ့တယ် ။ ဘယ်လိုလုပ်သင့်လဲ... သူ ဘယ်လို​ဖြေရှင်းလိုက်သင့်လဲ ။ နတ်ဘုရားတွေ စစ်မဖြစ်အောင် ဘယ်လိုကိုင်တွယ်သင့်လဲ ။

" ငါပြောတာမကြားဘူးလား ချင်းကျိုးရီကို ခေါ်ခဲ့ အဲ့ဒီသူခိုးကို ငါ့စီခေါ်လာခဲ့လို့!!! "

ရှဲကျင်းဝမ်ဟာ သူ့ရဲ့ကလေးလေး ရှောင်ယွမ်ကို ရှာလို့မတွေ့တာကြောင့် ရူးသွပ်လုနီးနီး ဖြစ်နေခဲ့တယ် ။ သူ ကျင်းဝမ်ယွီရဲ့စကားကို နားထောင်ခဲ့သင့်တယ် ။ ရှောင်ယွမ်ကို ကောင်းကင်နန်းတော်စီ ခေါ်မလာခဲ့သင့်ဘူး ။ မြေအောက်နန်းတော်မှာပဲ ထားခဲ့သင့်တာ ။ သူ ဖန်တီးထားတဲ့ ကမ္ဘာငယ်လေးထဲမှာပဲ ထားခဲ့သင့်တာ ။ အဲ့ဒီလိုဆိုရင် ရှောင်ယွမ်က သူ့စီကနေ ပျောက်သွားစရာ အကြောင်းမရှိဘူး ။

[ နောင်တရရင်တောင် နောက်ကျသွားပြီ ရှောင်ယွမ်က မရှိတော့ဘူး ရှဲကျင်းဝမ် မင်းပြောတော့ ရှောင်ယွမ်ကို ကာကွယ်နိုင်တယ်ဆို မင်းက ငါနဲ့မတူဘူးဆို ဒါလား မင်းပြောတဲ့ ကာကွယ်မှုဆိုတာ ကိုယ့်ပိုင်နက်ထဲ လူတစ်ယောက်လုံး ခိုးဝင်လာတာကိုတောင် သတိမပြုမိဘူးတဲ့လား တောက်! ]

The Story Of Phoenix KingWo Geschichten leben. Entdecke jetzt