''36''

5K 734 22
                                    

" ခင်များကဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်လာရတာလဲ? ဘာရည်ရွယ်ချက်နဲ့ ဝူချင်းကိုချည်းကပ်ဖို့ကြိုးစားနေရတာလဲ? "

ကျူဖုန်းမင်က သူကိုစိုက်ကြည့်နေတဲ့လူကို မုန်းတီးစွာကြည့်ရင်းဆိုလိုက်တယ် ။

" ဝူချင်းတဲ့လား? အဲ့ဒီလောက်တောင်ရင်းနှီးနေပြီပေါ့ နည်းနည်းတောင်မနာလိုဖြစ်လာပြီ ။ မင်းပြောကြည့် ကိုယ် သူ့ကိုတစ်ခုခုမလုပ်သင့်ဘူးလား ? ။ ဘာလို့ဆိုကိုယ်ရဲ့မင်းလေးက သူ့ကို ဂရုစိုက်နေတယ်လေ ''

" ကျိုးလီဝမ်!! "

ကျူဖုန်းမင်က ဒေါ်သတကြီးအော်ဟစ်ကာ တစ်ဖက်လူကိုတိုက်ခိုက်လိုက်တယ် ။ ဒါပေမဲ့လည်းတစ်ဖက်က သူ့ထက်အများကြီးအဆင့်မြင့်နေတဲ့အတွက် ဒဏ်ရာရအောင်မလုပ်နိုင်ခဲ့ပေ ။ အဲ့ဒီအစားတစ်ဖက်လူက သူ့ကိုလှုပ်လို့မရအောင်ထိန်းချုပ်လိုက်ပြီး ပေါင်ပေါ်မှာထိုင်ဖို့ဖိအားပေးတာကို ခံလိုက်ရတော့တယ် ။ သေလောက်အောင်ဒေါ်သတွေထွက်နေပေမဲ့ သူဘာမှမတက်နိုင်ဘူး ။ အံကြိတ်ပြီးထိုင်နေရုံပဲတက်နိုင်တယ် ။

" မင်း ကိုယ့်ကိုမနိုင်နိုင်ပါဘူးကွာ နာခံစမ်းပါ ။ မင်းရဲ့အရှင်ကိုပြန်တွေ့ချင်တယ်ဆိုရင် လိမ္မာသင့်တယ် ''

" ခင်များ!! .... ကောင်းပြီ ။ ကျွန်တော် ခင်များစကားကိုနားထောင်မယ် ။ အဲ့တာကြောင့်မို့ ခင်များဘက်ကလည်း ကတိတည်ရမယ် ။ ''

" ဒါပေါ့ မင်းသာလိမ်လိမ်မာမာနဲ့ ကိုယ့်ဘေးမှာနေပြီး ကိုယ့်စကားနားထောင်ရင် မင်းရဲ့အရှင်ဆိုတဲ့လူရဲ့ဝိညာဉ်ကို ဘာမှမလုပ်ဘူး ။ ကိုယ်က မင်းအတွက် နဂါးမျိုးနွယ်တွေကိုတောင်သတ်ပေးအုံးမှာ ''

" ကျွန်တော် ခင်များကိုမုန်းတယ် ''

" မင်းမုန်းလည်း ကိုယ်ကဂရုစိုက်မှာမဟုတ်ဘူး ။ ဘာလို့ဆိုမင်းက ကိုယ့်အပိုင်လေ ။ ကိုယ်ရဲ့လှပတဲ့အရုပ်လေး ''

ကျိုးလီဝမ်က သူ့ကိုမုန်းတီးတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတဲ့ကျူဖုန်းမင်ကို တပ်မက်စွာကြည့်ကာ အိပ်ယာထက်တွန်းလှဲလိုက်တယ် ။ ကျူဖုန်းမင်က သူ့ကိုဆိုအမြဲဒီအတိုင်းဆက်ဆံတယ် ။ ဘယ်လောက်ပဲကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါစေ ဘယ်တော့မှပြောင်းလဲမသွားဘူး ။ အရှင်ဆိုတဲ့လူကလွဲရင် ကျန်တဲ့လူတွေကိုဆို ဘယ်တော့မှမျက်လုံးထဲမထည့် ။ သူလိုလူမျိုးကိုတောင် မျက်လုံးထဲထည့်တာမဟုတ်ဘူး ။ တစ်ခါတစ်လေကျတော့လည်း အရှင်ဆိုတဲ့လူကို သတ်ချင်လာမိတယ် ။

The Story Of Phoenix KingWo Geschichten leben. Entdecke jetzt