''74''

3.8K 570 6
                                    

တစ်လကျော်နှစ်လနီးပါး ​အချိန်ကုန်ဆုံးပြီးသွားတဲ့နောက်မှာတော့ မူကျားယွမ်ဟာ ချင်းလီရွမ်ကို ချင်းအိမ်တော်ကို ပြန်ခေါ်လာခဲ့တယ် ။ အဲ့ဒီနောက် ချင်းလီရွမ်ရဲ့လူယုံတွေကို တိတ်တဆိတ်ရှင်းထုတ်ပစ်ကာ သူရဲ့လူတွေနဲ့ အစားထိုးထားခဲ့တယ် ။ အဲ့တာတွေအပြင် ချင်းလီရွမ်ရဲ့ဘက်တော်သားတွေဖြစ်တဲ့ ရှယ်ယာရှင်တစ်ချို့ကိုလည်း ခြိမ်းခြောက်အကြပ်ကိုင်ထားတယ် ။ ဒါကြောင့် ချင်းလီရွမ်ရဲ့အာဏာက တဖြည်းဖြည်းလျော့ကျလာပြီး ချင်းအုပ်စုကလည်း မတည်မငြိမ်စဖြစ်လာတယ် ။

အဲ့ဒီနောက်မှာတော့ မူကျားယွမ်ဟာ ရှုပ်ထွေးနေတဲ့အ​​ခြေအနေကို အခွင့်ကောင်းယူကာ ချင်းအုပ်စုကို ဝင်ထိန်းချုပ်ပစ်လိုက်တယ် ။ အခုဆိုရင် ချင်းလုပ်ငန်းစုက မူကျားယွမ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေပြီလို့ဆိုလို့ရတယ် ။ ချင်းလီရွမ်ကတော့ ဒီအကြောင်းတွေကို ဘာတစ်ခုမှမသိခဲ့ဘူး ။ သူက သူရဲ့ကုမ္မဏီကို မူကျားယွမ်ကို စီမံခွင့်ပေးထားတယ် ။ မူကျားယွမ်က သူ့ကိုသစ္စာဖောက်သွားမှာကို နည်းနည်းလေးတောင် စိုးရိမ်ခြင်းမရှိ ။

" ကျွန်တော်ပြန်ရောက်ပြီ အန်ကယ် ''

မူကျားယွမ်က အလုပ်တွေပြီးသွားတာနဲ့ ချင်းအိမ်တော်ကို ချက်ခြင်းပြန်လာခဲ့တယ် ။ အခုဆိုရင် သူက အန်ကယ်ချင်းကို အနီးကပ်ပြုစုပေးဖို့အတွက် ချင်းအိမ်တော်မှာ လာရောက်နေထိုင်နေတာဖြစ်တယ် ။ အစကတော့ အန်ကယ်ချင်းက အဲ့တာကိုလက်မခံခဲ့ဘူး ။ အန်ကယ်ချင်းက သူ့ကို သူ့အတွက် အလုပ်မရှုပ်စေချင်ဘူး ။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူရဲ့အကြိမ်ကြိမ်တောင်းဆိုမှုတွေကြောင့် ခွင့်ပြုပေးခဲ့တယ် ။ အဲ့ဒီလိုနဲ့သူက ချင်းအိမ်တော်ကိုရောက်ရှိလာကာ ချင်းအိမ်တော်ကိုပါ ထိန်းချုပ်ထားနိုင်ခဲ့တယ် ။

" အစောကြီးပဲရှိသေးတယ် ပြန်ရောက်လာပြီလား? "

" ဒီနေ့က အလုပ်သိပ်မရှိဘူးလေ အဲ့တာကြောင့်စောစောပြန်လာခဲ့တာ ။ ​​​ပြီး​တော့အန်ကယ်အတွက် ကိတ်ဝယ်လာခဲ့တယ် ''

မူကျားယွမ်က သူရဲ့လက်ထဲက စ​တော်ဘယ်ရီကိတ်မုန့်ဘူးလေးကို ချင်းလီရွမ်မြင်အောင် မြှောက်ပြလိုက်တယ် ။ အန်ကယ်ချင်းက ကိတ်စားရတာကို အရမ်းသဘောကျတယ် ။ ဒါကြောင့်အလုပ်ကပြန်လာတိုင်း အမြဲဝယ်လာခဲ့တာ ။ ဒီနေ့အတွက်ကတော့ စတော်ဘယ်ရီကိတ်မုန့်လေးပေါ့ ။

The Story Of Phoenix KingTahanan ng mga kuwento. Tumuklas ngayon