"125"

1K 153 7
                                    

ဝမ်ရီပေါ်က သူရဲ့ရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်လို နှစ်ခြိုက်စွာအိပ်မောနေတဲ့ ရှောင်ကျန့်ကို တစ်ညလုံး မျက်တောင်မခတ် စိုက်ကြည့်နေခဲ့တယ် ။ သူရဲ့အပေါ်မှာ နေဖို့ကြိုးစားခဲ့တဲ့အကြောင်း ပြန်တွေးမိတော့ မပြုံးပဲမနေနိုင် ။ သူက ဒီကမ္ဘာမှာ အရမ်းလှတဲ့ ကျိုးမင်းယွမ်ဖြစ်လာတယ်ဆိုရင်တောင် ကျိုးမင်းယွမ်အစစ်မှ မဟုတ်တာ ။ ပျော့ညံ့ပြီးအားနည်းနေမှာ လုံးဝမဖြစ်နိုင်ဘူး ။

သူရဲ့လက်ရှိခန္ဓာကိုယ်က ခွန်းအားမရှိတဲ့ပုံဖြစ်နေပေမဲ့ ထိုသို့မဟုတ်တာကို သူကလွဲပြီး ဘယ်သူမှမသိနိုင်ဘူး ။ သူရဲ့ခွန်အားက ရှောင်ကျန့်ထက်တောင် သန်မာနေသေးတယ် ။ အဲ့တာအပြင် သူ့ရဲ့စွမ်းအားတွေကလည်း ဒီကမ္ဘာကို ဖျက်စီးပစ်နိုင်တဲ့အထိ အားကောင်းလွန်းတယ် ။ သူသာ အလိုရှိရင် ဒီကမ္ဘာကိုတောင် ပျောက်ကွယ်သွားအောင် လုပ်ပစ်လို့ရတယ် ။

ဒီကမ္ဘာရဲ့ဇာတ်ကြောင်းအရ သူက လူတိုင်းလိုချင်တပ်မက်နေတဲ့ အလှလေးတစ်ယောက်ဖြစ်နေပေမဲ့ လက်တွေ့မှာတော့ သိုးယောင်ဆောင်ထားတဲ့ ဝံပုလွေတစ်ကောင်သာ ဖြစ်တယ် ။ ရှောင်ကျန့်ရှိနေလို့သာ သူ့ကိုယ်သူ အားနည်းတဲ့ အလှလေးအဖြစ် ဆက်လက်ဟန်ဆောင်နေရတာ ။ မဟုတ်လို့ကတော့ သူ့ကို တပ်မက်တဲ့အကြည့်တွေနဲ့ ကြည့်လာတဲ့လူတိုင်းကို သတ်ပစ်ပြီးသွားလောက်ပြီ ။

ရှောင်ကျန့်ရဲ့ဂရုစိုက်မှုတွေကို လိုချင်လို့သာ အဲ့ဒီအကြည့်တွေကို မျက်ကွယ်ပြုထားရတာ ။ စိုးရိမ်ကြောက်လန့်နေတဲ့ သူ့ရဲ့ပုံစံက ရှောင်ကျန့်ရဲ့နှလုံးသားကို မကိုင်လှုပ်နိုင်ဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူး ။ ရှောင်ကျန့်က ခုခံကာကွယ်မှုအားနည်းတဲ့ အလှလေးတွေဆို သိပ်ကိုအလိုလိုက်တယ် မဟုတ်ပါလား ။ သူ ရှောင်ကျန်စီ ချဉ်းကပ်မလာခင်တုန်းကဆိုရင် ရှောင်ကျန့်မှာ အဲ့ဒီလိုအလှလေးတွေ အများကြီးရှိတယ် ။

သူ့ကိုလည်း အဲ့ဒီလူတွေနဲ့ အတူတူပဲထင်ကာ ပျော်ပျော်ကြီး လက်ခံခဲ့တယ် ။ ဒါပေမဲ့ သူနဲ့ အဲ့ဒီလူတွေနဲ့မတူတာက ရှောင်ကျန့်က သူ့ကို ဖူးဖူးမှုတ်အလိုလိုက်ကာ သူလိုချင်တာမှန်သမျှ တစ်ခုမကျန် ဖြည့်ဆည်းပေးခဲ့တယ် ။ သူကသာ မာနကြီးပြီး လက်မခံခဲ့တာ ။ သူ့ကိုယ်သူ ဦးဆောင်သူအဖြစ် သတ်မှတ်ထားတာကြောင့် ရှောင်ကျန့်ကာကွယ်ပေးတာကို လက်မခံခဲ့ဘူး ။ ရှောင်ကျန့်ရဲ့အရှေ့ကနေသာ မားမားမတ်မတ် အမြဲရပ်တည်ခဲ့တယ် ။

The Story Of Phoenix KingWhere stories live. Discover now