"131"

1K 153 5
                                    

နတ်သူငယ်ဘုရင် လုယီအန်းဟာ ဝေ့ပိုင်ယီရဲ့လက်ထပ်ပွဲနေ့က ကိစ္စနဲ့ပတ်သတ်ပြီး အပြင်ဘက်မှာပြန့်နေတဲ့ သတင်းတွေကြောင့် လုမင်းရန်ကို သတ်ပစ်ချင်လောက်တဲ့အထိ မုန်းတီးသွားခဲ့တယ် ။ ကျိုးမင်းယွမ်နဲ့ လီချန်းကျိုးရဲ့ကိစ္စက သူနဲ့ ဘာမှမဆိုင်ပေမဲ့ ကြားထဲကနေ အပြစ်တင်ဝေဖန်ခံနေရတယ် ။ သူရဲ့မျိုးနွယ်ဝင်တွေဖြစ်တဲ့ နတ်သူငယ်တွေကတောင်မှ သူ့ကို သံသယမျက်လုံးတွေနဲ့ ကြည့်လာကြတယ် ။

လုယီအန်းက သူရဲ့အရင်ဘဝကလိုမျိုး အဖြစ်မခံနိုင်ဘူး ။ အကျဉ်းသားတစ်ယောက်လို လှောင်ပိတ်ခံထားရမှာကို ထပ်မလိုချင်တော့ဘူး ။ ‌သူပြန်လည်မွေးဖွားလာတာက ဝေ့ပိုင်ယီကို ပိုင်ဆိုင်နိုင်ဖို့လေ ။ အခုလိုမျိုး အပြစ်တင်ဝေဖန်ခံရဖို့ မဟုတ်ဘူး ။ အဲ့တာကြောင့် သွေးမျိုးနွယ်စုထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ လုမင်းရန်ကိုယ်စား တောင်းပန်ဖို့ ဆုံးဖြတ်လိုက်တယ် ။ ပြီးရင် သူနဲ့ ဘာမှမဆိုင်ကြောင်းကိုလည်း သက်သေပြရမယ် ။

" နတ်သူငယ်တွေအားလုံးကို အသိပေးလိုက် လုမင်းရန်ကိုတွေ့တာနဲ့ နေရာမှာတင် ဖမ်းစီးရမယ်လို့ ... သူရဲ့လုပ်ရပ်အတွက် တာဝန်ယူခိုင်းရမယ် ငါရဲ့သားဖြစ်နေရင်တောင် အပြစ်ပေးခံရမယ် "

လုယီအန်းဟာ သူရဲ့လက်အောက်ငယ်သားတွေကို အမိန့်ပေးလိုက်တယ် ။ ဒီနည်းလမ်းကို အသုံးပြုပြီး ဆုံးရှုံးသွားတဲ့ ယုံကြည်မှုတွေကို ပြန်ယူရမယ် ။ ကံကောင်းရင် ဒီအခွင့်အရေးကြောင့် လုမင်းရန်ကိုတောင် သတ်ပစ်နိုင်တယ် ။

နတ်သူငယ်တွေက သူတို့ရဲ့ဘုရင်ဖြစ်တဲ့ လုယီအန်းရဲ့ဆုံးဖြတ်ချက်ကြောင့် ပိုမိုရို‌သေလေးစားလာတော့တယ် ။ သူတို့ဘုရင်က အရမ်းတရားမျှတတယ် ။ အပြစ်‌လုပ်ထားတဲ့ သားဖြစ်သူကို ကာကွယ်မပေးဘူး ။ အဲ့တာအပြင် သားဖြစ်သူရဲ့လုပ်ရပ်ကြောင့် ထိခိုက်သွားတဲ့ ကာယကံရှင်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်တောင်းပန်ဖို့ ပြင်ဆင်နေတယ် ။

သွေးမျိုးနွယ်စုဝင်တွေဟာ သူ့တို့စီကို တန်ဖိုးကြီးလက်ဆောင်တွေနဲ့ လာရောက်တောင်းပန်တဲ့ နတ်သူငယ်ဘုရင်ကြောင့် ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ် ။ ပြီးတော့ အဲ့ဒီကိစ္စက နတ်သူငယ်ဘုရင် လုပ်ခိုင်းခဲ့တယ်ဆိုတဲ့ သက်သေတွေလည်း ရှိမနေဘူး ။ ထွက်ပြေးသွားတဲ့ လုမင်းရန်ကြောင့်သာ လူတိုင်းက အဲ့ဒီလိုကောက်ချက်ချခဲ့တာ ။ တကယ်တရားခံက သားရဲမင်းသားလီချန်းကျိုးလေ ။ လုမင်းရန်လုပ်ခဲ့တာက လီချန်းကျိုးကို ကျိုးမင်ယွမ်ရှိနေတဲ့အခန်းထဲ လှည့်စားခေါ်သွားခဲ့တာလေးတစ်ခုပဲ ။

The Story Of Phoenix KingWhere stories live. Discover now