''86''

2.8K 449 16
                                    

လီရှင်းယီက နာကျင်မှုကြောင့် မျက်လုံးတွေတွန့်ချိုးနေခဲ့တယ် ။ ပိုင်ကောရဲ့အခြေအနေက သူထင်ထားတာထက် အများကြီးဆိုးဝါးနေခဲ့တာပဲ ။ ပိုင်ကောရဲ့ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့စွမ်းအားတွေက မတည်မငြိမ်ဖြစ်နေပြီး မကောင်းတဲ့စွမ်းအားတွေအဖြစ်ကို ပြောင်းလုနီးပါးပင် ။ လီရှင်းဟာ မျက်ရည်တွေဝဲတက်လာတယ် ။ ပိုင်ကော အခုလိုဖြစ်ရတာသူ့ကြောင့် ။ သူ့ကိုကယ်တင်ခဲ့လို့ ။

" ပိုင်ကော သတိထားပါအုံး !! စိတ်မလွတ်သွားစေနဲ့ ဟုတ်ပြီလား? "

လီရှင်းယီဟာ အရင်ကထက်ပိုပြီးရွှေရောင်သန်းလာတဲ့ ပိုင်ယွီချန်းရဲ့မျက်လုံးတွေကြောင့် စိုးရိမ်စိတ်တွေမြင့်မားလာတယ် ။ မလုံလောက်ဘူး! သူရဲ့အခုကုသမှုက ပိုင်ကောအတွက်မလုံလောက်သေးဘူး ။ ဒီထက်ပိုပြီးအားစိုက်မှဖြစ်မယ် ။ လီရှင်းယီက နှုတ်ခမ်းတွေကို ပြတ်ထွက်မတက်ဖိကိုက်ထားမိတယ် ။ ပိုင်ကောက သူ့အပေါ်အရမ်းကောင်းလွန်းတယ် ။ အဲ့တာကြောင့်မို့ ပိုင်ကောကိုကုသပေးဖို့ တွေဝေမနေသင့်ဘူး ။

အဲ့ဒီနောက်မှာတော့ လီရှင်းလီဟာ ပိုင်ယွီချန်ရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့ သူရဲ့လက်တွေကို တစ်ခြားနေရာကိုပြောင်းလိုက်တယ် ။

" ပိုင်ကော ကျွန်တော် ပိုင်ကောကို စိတ်ရိုင်းဝင်ဖို့ခွင့်မပြုဘူး ''

လီရှင်းယီက ပိုင်ယွီချန်ရဲ့လည်ပင်းကိုဖက်တွယ်ကာ တင်းတင်းစိထားတဲ့ အနီရောင်နှုတ်ခမ်းလေးကို နမ်းလိုက်တယ် ။ သူက ဒီလိုကုသပေးတာမျိုးကို မလုပ်ချင်ဘူး ။ အဲ့ဒီနည်းလမ်းက ပိုပြီးအကျိုးသက်ရောက်မှုရှိတာကိုသိထားပေမဲ့ အဆင်မပြေတာကြောင့် အသုံးမပြုခဲ့ချေ ။ ကုသသူအများစုက ဒီလိုမျိုးခန္ဓာကိုယ်ချင်း ဆက်နွယ်တဲ့နည်းကို အသုံးပြုကာကုသပေးကြပေမဲ့ သူကတော့ လက်ကိုင်ထားရုံအဆင့်လောက်ပဲ ကုသပေးခဲ့တယ် ။

ပိုင်ကောက သူ့ကို သူရဲ့ကိုယ်ပိုင်ကုသသူဖြစ်ပေးဖို့ တောင်းဆိုခဲ့တုန်းကလည်း လက်ကိုင်ပြီးကုသတာထက် မပိုခဲ့ဘူး ။ ပိုင်ကောက သူရဲ့အခက်အခဲကို နားလည်နေတဲ့အလား ကျေနပ်စွာလက်ခံခဲ့တယ် ။ ဒါပေမဲ့ အခုတော့ စိတ်ရိုင်းဝင်သွားတော့မဲ့ ပိုင်ကောကြောင့် အဲ့ဒီနည်းလမ်းကိုအသုံးပြလိုက်ရပြီ ။ သူတကယ် ဒီလိုကုသမှုမျိုးမလုပ်ချင်ဘူး ။ အဲ့တာက အရမ်းစိတ်ပျက်ဖို့ကောင်းတယ် ။

The Story Of Phoenix KingWhere stories live. Discover now