ကျိုးလော့ချင်းဟာ ပိုင်ယွီချန်စီရောက်ရောက်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒေါသအကြီးအကျယ်ထွက်သွားခဲ့တယ် ။ ပိုင်ယွီချန်ရဲ့ဘယ်ဘက်လက်က အချိုးခံထားရတဲ့အပြင် လည်ပင်းမှာလည်း ဒဏ်ရာတစ်ချို့ရှိနေခဲ့တယ် ။ အဲ့တာကြောင့်မို့လို့ ပိုင်ယွီချန်ရဲ့အနားကို လျှင်မြန်စွာသွားကာ ဂရုတစိုက်စစ်ဆေးလိုက်တယ် ။ ပိုင်ယွီချန်ကတော့ ဘာနာကျင်မှုမှမရှိတဲ့အလား တည်ငြိမ်နေတယ် ။
မော့ကျိုးရန်ဆိုတဲ့လူက ပိုင်ယွီချန်ရဲ့ဘယ်ဘက်လက်ကို ဖျက်စီးပစ်လိုက်တာကြောင့် ပိုင်ယွီချန်က သူရဲ့ဘယ်ဘက်လက်ကို အသုံးပြုနိုင်တော့မှာမဟုတ်ဘူး ။ ကျိုးလော့ချင်းဟာ မော့ကျိုးရန်ကို အလွန်တရာသတ်ပစ်ချင်လာတယ် ။ ဒါပေမဲ့ သူ့ကို ခေါင်းရမ်းပြလာတဲ့ ပိုင်ယွီချန်ကြောင့် သူရဲ့မကျေနပ်မှုတွေကို စိတ်ထဲမှာပဲ မျိုသိပ်ခဲ့ရတယ် ။ ဘာဖြစ်လို့လဲဆိုရင် သူက ပိုင်ယွီချန်ကို ကတိပေးထားခဲ့လို့လေ ။ မော့ကျိုးရန်နဲ့ ထိပ်တိုက်မတွေ့ပါဘူးဆိုပြီတော့ပေါ့ ။ သူလုပ်ခဲ့ရင် ပိုင်ယွီချန်က သူ့ကို စိတ်ဆိုးသွားလိမ့်မယ် ။
" နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် ''
ကျိုးလော့ချင်းဟာ ပိုင်ယွီချန်ရဲနှုတ်ခမ်းထောင့်က သွေးတွေကို သူရဲ့လက်ချောင်းတွေနဲ့ သုတ်ပေးကာ ဆိုလာခဲ့တယ် ။ တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူလည်း စိတ်ပျက်နေမိတယ် ။ အင်ပါယာရဲ့နံပါတ်တစ် စွမ်းအားရှင်ဖြစ်တဲ့သူက သူချစ်ရတဲ့လူကိုတော့ မကာကွယ်ပေးနိုင်ခဲ့ဘူး ။ သူချစ်ရတဲ့လူဟာ တစ်ခြားတစ်ယောက်ကြောင့် ဒဏ်ရာရသွားခဲ့ပြီး သူကလည်း အဲ့ဒီလူကို အပြစ်မပေးနိုင်ခဲ့ဘူး ။
" ဒါက မင်းရဲ့အပြစ်မဟုတ်ပါဘူး အဲ့တာကြောင့် ကိုယ့်ကို တောင်းပန်ဖို့မလိုဘူး ''
ရှောင်ကျန့်ဟာ ကျိုးလော့ချင်းကို ဝမ်းမနည်းစေချင်ဘူး ။ ဒါပေမဲ့ ကျိုးလော့ချင်းကတော့ သူရဲ့စကားတွေကြောင့် ပိုလို့ပင်ဝမ်းနည်းသွားကာ မျက်ရည်တွေဝဲလာခဲ့တယ် ။
" ကိုယ်တကယ်အဆင်ပြေပါတယ်ကွာ ဒါက လက်ကလေးတစ်ဖက်ပါပဲ ပြီးတော့ ညာဘက်လက်မှမဟုတ်တာ ''
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]