''41''

5.2K 734 23
                                    

ဝမ်ရီပေါ်ကအခုလက်ရှိမှာတော့ တစ်စုံတစ်ယောက်ရဲ့ချုပ်နှောင်မှုကနေ လွှတ်မြှောက်သွားပြီး သူ့ကိုဖမ်းစီးထားတဲ့လူကို ဒေါ်သတကြီးတိုက်ခိုက်လို့နေတယ် ။ ဒီလူကြောင့်သာမဟုတ်ရင် ရှောင်ကျန့်စီသွားပြီး လျိုအန်းကြံစည်နေသမျှကိုပြောပြနိုင်မှာ ။ ရှောင်ကျန့်ကလည်း ဖမ်းစီးခံထားရတော့မှာမဟုတ်ဘူး ။ အခုတော့သူ့ရှေ့ကလူက သူရဲ့တည်ရှိမှုကိုသိသွားတာမို့ ရှောင်ကျန့်စီပြန်သွားပြီး သတင်းပေးရမယ်ဆိုတဲ့ သူရဲ့စိတ်ကူးကကျရှူံးသွားတယ် ။

လျိုအန်းက ရှောင်ကျန့်ကိုနာကျင်အောင် မလုပ်ဘူးဆိုတာသိပေမဲ့လည်း စိတ်မချတာကစိတ်မချတာပင် ။ အထူးသဖြင့်ရှောင်ကျန့်က လျိုအန်းကိုဘာမှပြန်လုပ်မှာမဟုတ်ဘူး ။ သူဆိုတဲ့အသိနဲ့ လျိုအန်းလုပ်သမျှကိုလက်ခံပြီး နားလည်ခွင့်လွှတ်ပေးမယ်ဆိုတာသေချာတယ် ။ အဲ့ဒီအရာကြောင့်ပဲ သူကပိုပြီးစိတ်မချဖြစ်ရတယ် ။ လျိုအန်းကသူဖြစ်နေတဲ့အတွက် သူထက်ပိုပြီးဘယ်သူကမှ လျိုအန်းကိုနားလည်မှာမဟုတ်ဘူး ။

ရှောင်ကျန့်အပေါ်လျိုအန်းရဲ့ရူးသွပ်မှုက ကြောက်ဖို့ကောင်းတဲ့ စံချိန်အမှတ်ကိုရောက်ရှိနေပြီ ။ အဲ့ဒီအရူးကောင်က ရှောင်ကျန့်ကို ဘာမဟုတ်တာတွေများ ​လျှောက်လုပ်နေမလဲ ? ။ ပြီးတော့သူကလည်း​ ​ရှောင်ကျန့်နဲ့ဆက်အသွယ်ပြတ်နေသေးတယ် ။  ဝမ်ရီပေါ်က ဒီအကြောင်းကိုတွေးမိတာနဲ့ ပိုပြီးစိတ်မရှည်ဖြစ်လာတယ် ။

" မင်းရဲ့ဝိညာဉ်စွမ်းအား​တွေက ပေါ့သေးသေးမဟုတ်ဘူးပဲ ။ မင်းကဘယ်သူလဲ? ဘာလို့သူရဲ့အနားမှာရှိနေရတာလဲ? "

ကျိုးလီဝမ်က မျက်ခုံးတစ်ချက်ပင့်ကာမေးလိုက်တယ် ။ သူဒီကမ္ဘာကိုစရောက်တည်းက တစ်စုံတစ်ယောက်က သူ့ကိုစောင့်ကြည့်နေတယ်လို့အမြဲခံစားခဲ့ရတယ် ။ ဒါပေမဲ့ဘယ်လိုမှရှာမတွေ့တာမို့ မှားများမှားနေတာလားလို့တောင်ထင်ခဲ့တယ် ။ တစ်နှစ်ကျော်နီးပါး စစ်​ဆေးပြီးတဲ့နောက်မှာတော့ အဖြေရှာတွေ့ခဲ့တယ် ။ လျိုအန်းရဲ့အနားမှာ ဒီကမ္ဘာကမဟုတ်တဲ့လူတစ်ယောက်ရှိနေပြီး အဲ့ဒီလူက သူ့ကိုအမြဲစောင့်ကြည့်နေတာ ။

The Story Of Phoenix KingWhere stories live. Discover now