''120''

1.9K 221 8
                                    

ရှောင်ကျန့်က အဝတ်အစားတွေ ဖရိုဖရဲဖြစ်ကာ ယုန်ငယ်လေးတစ်ကောင်လို ထိတ်လန့်ငိုကြွေးနေရှာတဲ့ ကျိုးမင်းယွမ်ရဲ့ သနားစဖွယ် ပုံစံလေးကို မြင်လိုက်ရတဲ့ အခါမှာတော့ သတ်ဖြတ်ချင်စိတ်တွေ ကြီးစိုးလာတယ် ။

" ဝေ့ကောကော စိတ်ကို ထိန်းပါနော် ဒီနေရာက ကျွန်တော်တို့ပိုင်နက် မဟုတ်ဘူး ပြသာနာတက်လို့ မဖြစ်ဘူး ''

ကျောက်လျိုချင်းက ရှောင်ကျန့်စီက ထွက်ပေါ်လာတဲ့ သတ်ဖြတ်ချင်စိတ်ကို သတိထားမိသွားတာကြောင့် အမြန်ဝင်တားလိုက်တယ် ။ အဲ့ဒီနောက် ကျိုးမင်းယွမ်ရဲ့ အနားကိုသွားကာ နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်တယ် ။

" မကြောက်ပါနဲ့ အခုအဆင်ပြေသွားပြီနော် ဘာမှစိုးရိမ်စရာမလိုတော့ဘူး ... သူ မင်းကို အနိုင်မကျင့်စေရဘူး ''

ဟူမင်ယွီဟာ သူ့မျက်စိရှေ့က မြင်ကွင်းကို စွန့်အစွာ စိုက်ကြည့်နေမိတယ် ။ ဝမ်ရီပေါ်.... ဝမ်ရီပေါ်က ယုန်ငယ်လေးတစ်ကောင်လို ကြောက်လန့်ပြနေတယ်တဲ့လား!! ပြီးတော့ အဲ့ဒီလူတွေကလည်း အဲ့တာကို ယုံကြည်နေကြတယ် ။ ဖာခ့်! ​သူတော့ နေရင်းထိုင်ရင်း လူယုတ်မာတံဆိပ် အတပ်ခံလိုက်ရပြီ ။

ဟူမင်ယွီက ထိုသို့တံဆိပ် အတပ်ခံလိုက်ရတာကို မကျေနပ်ပေမဲ့ သူ့ကို ရိပ်မိသွားမှာဆိုးတာကြောင့် သည်းခံဖို့ ဆုံးဖြတ်လိုက်တယ် ။ သူက ဒီကမ္ဘာမှာ လုမင်းရန်ဖြစ်နေပြီ ။ လုပ်ချင်သလို လုပ်လို့မရတော့ဘူး ။ အကောင်းဆုံး သရုပ်ဆောင်ရတော့မယ် ။

" ဝေ့ပိုင်ယီ မင်းက ငါ့ရဲ့အခန်းထဲကို ဘာအတွက် ရောက်လာတာလဲ အာ! မဟုတ်မှလွဲရော ကျိုးမင်းယွမ်အတွက် ရောက်လာခဲ့တာလား ''

"...........''

" တကယ်လို့ သူ့အတွက် ရောက်လာခဲ့တယ်ဆိုရင်တော့ လှည့်ပြီးပြန်လိုက်ဖို့ အကြံပြုတယ် သူ့ကို ငါ ဝယ်ပြီးသွားပြီ ''

ဟူမင်းယွီက ဝေ့ပိုင်ယီ(ရှောင်ကျန့်)ကို မထိမဲ့မြင်ကြည့်ကာ ဆိုတယ် ။ အဲ့ဒီနောက် သူ့စီက ထွက်ပြေးဖို့ကြိုးနေတဲ့ ကျိုးမင်းယွမ်ရဲ့အနားကိုသွားကာ လက်ကောက်ဝတ်ကို အားနဲ့ဆုပ်ကိုင်ရင်း သူ့ရင်ခွင်ထဲ ဆွဲသွင်းဖို့ ကြိုးစားလိုက်တယ် ။

The Story Of Phoenix KingDonde viven las historias. Descúbrelo ahora