''99''

1.9K 300 1
                                    

" ဒီအတိုင်းပဲ ရပ်ကြည့်နေတော့မှာလား? ဘာမှမလုပ်တော့ဘူးလား? "

မော့ကျိုးရန်ဟာ သူ့ကို မျက်နှာသေနဲ့စိုက်ကြည့်နေတဲ့ ပိုင်ယွီချန်ကို လှမ်းကြည့်ကာ မေးလာတယ် ။ ပိုင်ယွီချန်က ဘာလို့ငြိမ်သက်နေရတာလဲ? ။ တကယ်ကြီး ဒီအတိုင်းပဲ ရပ်ကြည့်နေတော့မှာလား? ။

" .......... ''

" မင်း သူ့ကို တကယ်ဂရုမစိုက်တော့လား ဒါမှမဟုတ် တမင်ဟန်ဆောင်နေလား? "

" ........... ''

" အဟက်! ကိစ္စမရှိဘူး ငါဘာသာငါရှာဖွေနိုင်တယ် မင်းဟန်ဆောင်နေတာလား တကယ်လားဆိုတာကိုပေါ့ "

ရှောင်ကျန့်က မော့ကျိုးရန်ရဲ့စကားတွေကို မကြားချင်ယောင်ဆောင်ကာ လျစ်လျူရှုထားလိုက်တယ် ။ အဲ့ဒီလူက သူ့ကို ဒေါသထွက်စေချင်နေမှတော့ သူကလည်း ဘာမှမဖြစ်သလို ပြုမူပြရတာပေါ့ ။ ဒါပေမဲ့ သူရဲ့စိတ်ထဲမှာတော့ လီရှင်းယီကို ဘယ်လိုကယ်ထုတ်ရမလဲဆိုတာကို စတင်တွက်ချက်နေပြီဖြစ်တယ် ။ မော့ကျိုးရန်က သူ့ထက် ပိုသန်မာတယ် အဲ့တာကြောင့် မျက်နှာချင်းဆိုင် တိုက်ခိုက်လို့မဖြစ်ဘူး ။ အဲ့တာအပြင် သူ့ရဲ့လျှို့ဝှက်ချက်ကိုလည်း ထိန်းထားရအုံးမယ် ။

အဲ့ဒီနောက်မှာတော့ ရှောင်ကျန့်ဟာ အသိစိတ်လွတ်နေတဲ့ လီရှင်းယီကို ထပ်မံလှမ်းကြည့်လိုက်တယ် ။ လီရှင်းယီရဲ့အသိစိတ်တွေက ဖျက်စီးခံလိုက်ရပြီဆိုပေမဲ့ အဓိကဇာတ်လိုက်ရဲ့ရောင်ဝါတွေကတော့ ကျန်ရှိနေတုန်းပဲ ။ မော့ကျိုးရန်လိုလူမျိုးကတောင်မှ အဲ့ဒီအရာတွေကို တစ်ခါတည်းပျောက်ကွယ်သွားအောင် မဖျက်စီးနိုင်ခဲ့ဘူး ။ ရှောင်ကျန့်ရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေက အပေါ်ဘက်ကို အနည်းငယ်ကွေးတက်သွားတယ် ။ အဲ့ဒီနောက် သေးငယ်တဲ့လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်တယ် ။

ခဏအကြာမှာတော့ လီရှင်းယီရဲ့မျက်လုံးတွေက ပုံမှန်ပြန်ဖြစ်လာကာ အခြေအနေတွေကို ချက်ခြင်းနားလည်သွားတယ် ။ မော့ကျိုးရန်ဆိုတဲ့လူယုတ်မာက သူ့ကိုထိန်းချုပ်ဖို့အတွက် သူရဲ့အသိစိတ်ကိုဖျက်စီးခဲ့တယ် ။

" ပြေး!! ''

တစ်ချိန်တည်းမှာပဲ ပိုင်ကောရဲ့အသံကိုပါ  ကြားလိုက်ရတယ် ။ အဲ့ဒီလိုပဲ ဓားတစ်လက်ကလည်း သူရဲ့ညာဘက်လက်ထဲမှာ ထူးဆန်းစွာပေါ်လာခဲ့တယ် ။ လီရှင်းယီက အံ့သြသွားပေမဲ့ ဆက်ပြီးအံ့သြနေဖို့ အချိန်မရှိတာကြောင့် လျှင်မြန်စွာတုံ့ပြန်ခဲ့တယ် ။ သူက သူရဲ့လက်ထဲဓားကို မော့ကျိုးရန်ရဲ့ရင်ဘတ်ထဲ အားကုန်ထိုးစိုက်ခဲ့တယ် ။

The Story Of Phoenix KingDonde viven las historias. Descúbrelo ahora