''15''

7.6K 1K 10
                                    

မုရှောင်ယန်ဟာ သူမရဲ့လက်ထဲက ကွာရှင်းစာချုပ်ကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေရတယ် ။ သူမက ဒါကိုမယုံကြည်နိုင်သေးဘူး ။ ကျန်းရှောင်ဖန်က သူမကို တကယ်ကွာရှင်းပေးခဲ့တဲ့အပြင် $1billion နဲ့ ရှယ်ယာဆယ်ရာခိုင်နှုန်းကိုပါ တွေဝေမှုမရှိပေးသေးတယ် ။ ဒီငွေပမာဏနဲ့ဆိုရင် သူမရဲ့ဘဝကြီးက အလုပ်လုပ်စရာမလိုတော့လောက်အောင် ကြွယ်ဝချမ်းသာနေပြီ ။

" မင်းမှာ ကိုယ့်ကိုပြောစရာရှိသေးလို့လား? "

" မ.... မရှိတော့ပါဘူး ''

ရှောင်ကျန့်က ကြောင်တောင်တောင်ဖြစ်နေတဲ့ မုရှောင်ယန်ဆိုတဲ့အမျိုးသမီးကို မေးလိုက်တယ် ။ ဒီမုရှောင်ယန်က အနာဂတ်မှာ သူ့ကို လာမပတ်သတ်ရင်ကောင်းမယ် ။ မဟုတ်ရင်သူက သူမကိုဖြေရှင်းဖို့အတွက် အချိန်တွေပေးနေရအုံးမှာ ။

" ကိုယ် မင်းနဲ့ အနာဂတ်မှာ ထပ်မတွေ့ရဖို့မျှော်လင့်တယ် ''

ရှောင်ကျန့်က အေးစက်စွာပြောကာ နာရီကို တစ်ချက်ကြည့်လိုက်တယ် ။ အဲ့ဒီနောက် သူ့ရဲ့ရှေ့နေ့ကို အားလုံးလွဲပေးခဲ့ပြီး ထထွက်သွားတော့တယ် ။ ကိစ္စတစ်ခုကိုတော့ ဖြေရှင်းလို့ပြီးသွားပြီ ။

မုရှောင်ယန်ဟာ ကျန်းရှောင်ဖန်ရဲ့ထူးဆန်းနေတဲ့ အပြုအမူတွေကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားပေမဲ့ ဂရုမစိုက်ဖို့ရွေးချယ်ခဲ့တယ် ။ ကွာရှင်းပြီးသွားပြီ မဟုတ်လား? ။ သူမက အဲ့ဒီအရာတွေကို ဘာလို့ဂရုစိုက်နေရအုံးမှာလဲ? ။ ဘုရားသခင်က သူမကို ပျော်ပျော်နေဖို့အတွက် ဒုတိယအကြိမ်အခွင့်အရေးပေးထားမှာတော့ သူမကလည်း အဲ့ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး ။ ဒီတစ်ကြိမ်တော့ ကောင်းကောင်းအသက်ရှင်ရမယ် ။

ကွာရှင်းပြတ်စဲကြောင်း သေချာသွားတာနဲ့ လီကျားရီစီ ဖုန်းဆက်လိုက်တယ် ။ လီကျားရီက သူမအတွက် လေယာဉ်လက်မှတ်ကို ကြိုတင်စီစဉ်ထားတာမို့ လေဆိပ်ကို တစ်ခါတည်းတန်းသွားလိုက်တယ် ။ အဲ့ဒီနောက် ကျန်းရှောင်ဖန်စီက နစ်နာကြေးအဖြစ်ရခဲ့တဲ့ ရှယ်ယာဆယ်ရာခိုင်နှုန်းကို လီကျားရီထံပြန်ရောင်းလိုက်ပြီး သူမရဲ့ဥရောပခရီးစဉ်ကို စတင်ခဲ့တယ် ။ အနောက်နိုင်ငံတွေကို ခရီးသွားချင်နေတဲ့ သူမရဲ့ဆန္ဒက ဒီတစ်ကြိမ်တော့ဖြစ်လာခဲ့ပြီ ။

The Story Of Phoenix KingOù les histoires vivent. Découvrez maintenant