"130"

994 150 6
                                    

သားရဲမျိုးနွယ်စုခေါင်းဆောင်က သူ့သားဖြစ်သူရဲ့လုပ်ရပ်အတွက် သွေးမျိုးနွယ်စုကို အကြိမ်ကြိမ်တောင်းပန်ခဲ့တယ် ။ သွေးမျိုးနွယ်စုခေါင်းဆောင်ကလည်း သူ့ရဲ့ရိုးသားမှုကြောင့် ရှားပါးသတ္ထုတွင်းထဲက သတ္ထုတူးဖော်မှုကို ဆက်လက်ထောက်ပံ့ပေးခဲ့တယ် ။ အဲ့ဒီနောက်မှာတော့ သားရဲမျိုးနွယ်စုခေါင်းဆောင်ဟာ ဝေ့ပိုင်ယီရဲ့လက်ချက်နဲ့ မသေရုံတမယ်ဖြစ်သွားတဲ့ လီချန်ကျိုးကိုခေါ်ကာ သူရဲ့လူတွေနဲ့အတူ သွေးမျိုးနွယ်ရဲ့ပိုင်နက်ထဲက ထွက်ခွာသွားခဲ့တယ် ။ သူ ဒီနေရာမှာ တစ်စက္ကန့်လေးတောင် ဆက်ပြီးမနေချင်တော့ဘူး ။

ဟူမင်ယွီကတော့ ပြသာနာတွေ သူ့ဘက်ကို လှည့်လာကတည်းက ထွက်ပြေးသွားခဲ့ပြီ ။ သူ အဲ့ဒီလိုမှထွက်မပြေးရင် ရှောင်ကျန့်က သူ့ကို ထပ်ပြီးတိုက်ခိုက်လာတော့မှာလေ ။ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက ဘယ်သူနိုင်မယ်ဆိုတာ သေချာမပြောနိုင်ဘူး ။ ဘာလို့ဆိုလဲဆိုရင် တစ်ယောက်က ကောင်းကင်ဘုံရဲ့ အပြစ်ပေး‌ခန်းမကို ပြောင်းပြန်လှန်ခဲ့တဲ့ မြေခွေးဘုရင် ။ နောက်တစ်ယောက်က ကောင်းကင်မင်းကြီးတောင် လက်မြှောက်အရှုံးပေးထားရတဲ့လူ ။ နှစ်ယောက်စလုံးက သာမန်လူတွေ မဟုတ်ကြဘူးလေ ။

ထွက်ပြေးသွားတဲ့ ဟူမင်ယွီရဲ့လုပ်ရပ်က နတ်သူငယ်မျိုးနွယ်စုကို အရှက်ရစေခဲ့ပြီး နတ်သူငယ်ဘုရင်ဖြစ်တဲ့ လုယီအန်းကို မျက်နှာအကြီးအကျယ် ပျက်စေခဲ့တယ် ။ လုယီအန်းက ဝေ့ပိုင်ယီကို ကြိုက်နေတယ်ဆိုတာ မျိုးနွယ်စုတိုင်း သိထားကြတယ် ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက လုယီအန်းဟာ ဝေ့ပိုင်ယီနဲ့ လက်ထပ်ချင်ကြောင်း သွေးမျိုးနွယ်စုခေါင်းဆောင်ကို တန်ဖိုးကြီးပစ္စည်းတွေနဲ့ ကမ်းလှမ်းခဲ့တယ် ။ ဒါပေမဲ့ သွေးမျိုးနွယ်စုခေါင်းဆောင်က သဘောမတူခဲ့ဘူး ။

လုယီအန်းက အငြင်းခံခဲ့ရပေမဲ့ လက်လျော့သွားတာမျိုးမရှိခဲ့ချေ ။ ဝေ့ပိုင်ယီထံ လက်ဆောင်ပစ္စည်းတွေ အမြဲပို့ပေးနေခဲ့တယ် ။ အဲ့တာအပြင် ဒီနေ့ကျင်းပခဲ့တဲ့ ဝေ့ပိုင်ယီရဲ့လက်ထပ်ပွဲကိုလည်း မှောင်မည်းနေတဲ့မျက်နှာနဲ့ တက်ရောက်လာတယ် ။ အဲ့ဒီနောက် သည်းမခံနိုင်တော့အလား လက်ထပ်ပွဲမပြီးခင် တစ်ဝက်အလိုမှာပဲ ဒေါသတကြီးထပြန်သွားတယ် ။ အဲ့တာကြောင့် ပွဲဆူသွားတာကို မမြင်လိုက်ရဘူး ။ သူရဲ့သား လုမင်းရန်က လီချန်ကျိုးကို ကျိုးမင်းယွမ်ရှိနေတဲ့ အခန်းထဲ လှည့်စားခေါ်သွားတာက သူလုပ်ခိုင်းထားလို့ဆိုတဲ့ သတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်လာတယ် ။

The Story Of Phoenix KingWhere stories live. Discover now