''6''

9.4K 1.2K 6
                                    

" ငါ့ကို စိတ်ဝင်စားနေတာလား? "

ဝေ့ရီချန်ဟာ လင်းရှိုးယာရဲ့စကားကြောင့် တောင့်တောင့်ကြီးဖြစ်သွားတယ် ။ သူက လင်းရှိုးယာကို စိတ်ဝင်စားနေခဲ့တာလား? ။ လင်းရှိုးယာရဲ့ဘေးမှာ သူမဟုတ်တဲ့လူကိုတွေ့လိုက်တိုင်း ရင်ဘတ်တွေနာကျင်နေတာက လင်းရှိုးယာကို ချစ်မိသွားလို့ပေါ့ ။ ဘယ်အချိန်ကလဲ? ။ဘယ်အချိန်ကစပြီး လင်းရှိုးယာအပေါ်မှာ ခံစားချက်တွေရှိလာခဲ့တာလဲ? ။

" ငါ... ငါက... ''

" အဟက်! ဒီလိုဖြစ်နေမယ်လို့ မထင်ထားမိဘူး ''

ရှောင်ကျန့်က နားဖျားတွေနီရဲကာ မျက်လုံးချင်းစုံအောင်မကြည့်ရဲတဲ့ ဝေ့ရီချန်ကို အထင်သေးသလိုကြည့်ကာ ခေါင်းရမ်းလိုက်တယ် ။ ဒီလူက လင်းရှိုးယာကိုကြိုက်နေမယ်လို့ ထင်မထားခဲ့ဘူး ။ လင်းရှိုးယာကိုကြိုက်နေရဲ့သားနဲ့ ကုချင်းယီဘက်ကို လှည့်သွားတယ်ဆိုတော့ ဒီလူရဲ့ခံစားချက်တွေက တန်ဖိုးမဲ့လွန်းတယ် ။ ဒီလိုလူမျိုးနဲ့စကားပြောနေရတဲ့ သူ့ကိုယ်သူတောင်ချဉ်လာပြီ ။

ခံစားချက်တွေနဲ့ပတ်သတ်လာရင် စိတ်ဒဏ်ရာရခဲ့ဖူးက ရှောင်ကျန့်က ဝေ့ရီချန်ကို အထင်သေးသွားတာတော့ မဆန်းပါဘူး ။ ဒီဝေ့ရီချန်က ဝမ်ရီပေါ်လိုပဲ ။ တစ်ပါးသူရဲ့ခံစားချက်တွေကို နင်းချေပစ်တဲ့နေရာမှာ သိပ်ကိုတော်လွန်းတယ် ။ ဝမ်ရီပေါ်နဲ့တစ်ထပ်တည်း တူညီမနေခဲ့ရင်တောင်မှ တစ်ချို့နေရာတွေကတော့ တိုက်ပြီးစစ်ကြည့်ဖို့ပင်မလိုခဲ့ ။ ရှောင်ကျန့်က ဝေ့ရီချန်ကို ဆက်ပြီးစကားမပြောချင်တော့တာကြောင့် မောင်းထုတ်ပစ်လိုက်တယ် ။

ဝေ့ရီချန်ဟာ သူ့လိုမင်းသားတစ်ပါးကို ခွေးမောင်းသလို မောင်းထုတ်လိုက်တဲ့ လင်းရှိုးယာကို တစ်စက်ကလေးမှ စိတ်ခုမသွားခဲ့ပေ ။ အဲ့ဒီအစား သူ့ရဲ့နှလုံးသားတစ်ခုလုံးက ဖော်ပြလို့မရအောင် နာကျင်လာခဲ့ကာ ချက်ခြင်းသေဆုံးချင်နေတယ် ။ ဒါပေမဲ့ လင်းရှိုးယာကို ဆက်မမြင်နိုင်မှာကြောက်လို့ မသေနိုင်ခဲ့ဘူး ။ လင်းရှိုးယာအပေါ်မှာ အပြစ်လုပ်မိထားသလိုမျိုး အမြဲခံစားနေရပေမဲ့ လက်လျော့မှာတော့မဟုတ်ဘူး ။ သူလက်လျော့ခဲ့ရင် သူလိုချင်တဲ့အရာက ထာဝရပျောက်ဆုံးသွားမယ်လို့ တစ်ခုခုကသတိပေးလို့နေတယ် ။

The Story Of Phoenix KingWhere stories live. Discover now